မြန်မာမီဒီယာများအတွက် နျူကလီးယားစွမ်းအင်ဆိုင်ရာ အသိပညာမျှဝေဆွေးနွေးပွဲ ကျင်းပ

 






ရန်ကုန် မေ ၂၉


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM” တို့အကြား  နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာအသုံးချရေးရည် ရွယ်ချက်ဖြင့် ပူးပေါင်ဆောင်ရွက်ရန် လက်မှတ်ရေးထိုးထားသည့် နျူကလီးယားစွမ်းအင်အပေါ် ပြည်သူလူထု၏ အပြုသဘောဆောင်သော သဘောထားအမြင်များ ရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ” အရ မြန်မာမီဒီယာများအတွက် နျူကလီးယားစွမ်းအင်ဆိုင်ရာ အသိပညာမျှဝေဆွေးနွေးပွဲကို ယနေ့နံနက် နာရီတွင် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ နျူကလီးယား နည်းပညာသတင်းအချက်အလက်စင်တာ ကျင်းပသည်။


အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဒေါက်တာ စိုင်းကျော်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM မှ ကိုယ်စားလှယ်များပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးကြသည်။


ရှေးဦးစွာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM မှ ဆက်သွယ်ရေးဌာန အကြီးအကဲ Mr. Andrey Timonov တို့က အဖွင့်အမှာစကား ပြောကြားကြသည်။


ထို့နောက် နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာမှ တာဝန်ရှိသူနှင့် Strana Rosatom သတင်းဌာန အယ်ဒီတာချုပ်တို့မှ နျူကလီးယားနည်းပညာနှင့် နျူကလီးယားစွမ်းအင်ဆိုင်ရာ အသိပညာများကို ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသည့် သတင်းမီဒီယာများမှ သိရှိလိုသည်များကို မေးမြန်း၍ ဉာဏ်စမ်းပဟေဠိများကို ဖြေဆိုကြကာ ဘေးအန္တရာယ်ကင်းရှင်းပြီး ယုံကြည်စိတ်ချမှုရှိသည့် သန့်ရှင်းသည့်စွမ်းအင် အမျိုးအစားဖြစ်သည့် နျူကလီးယားစွမ်းအင်နှင့် ပတ်သက် ပိုမိုသိရှိနားလည်လာစေရန် သတင်းမီဒီယာများအား ပံ့ပိုးပေးခဲ့သည်


သတင်းစဉ်

No comments

Powered by Blogger.