မိတ္ထီလာခရိုင်အတွင်း ဘုန်းတော်ကြီးကျောင်းများအား ဆွမ်းဆန်တော်၊ ဆီ၊ ဆားပဲ၊ ကြက်ဥ၊ ရေသန့်များ ဆက်ကပ်လှူဒါန်း

 




နေပြည်တော် မေ  ၂၉


နယ်စပ်‌ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မိတ္ထီလာခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြား‌ရေးမှူး ဦးမျိုးမင်းထွန်းနှင့် ဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်းတွင် မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ တောမကျေးရွာအုပ်စု၊ ပေါက်ပင်သာရွာ ပေါက်ပင်သာရွာရှေ့ကျောင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်ရှိ သံဃာတော်များ စာသင်သား သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥ၊ ရေသန့်နှင့် အခြား စားသောက်ဖွယ်ရာများအား ပေါက်ပင်သာရွာရှေ့ ကျောင်းတိုက်ဆရာတော် ဦးသာသနထံ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.