အရာထမ်းငယ်သင်တန်းအမှတ်စဉ်(၁၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

 



ရန်ကုန် မေ ၂၉   


နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အရာထမ်းငယ်သင်တန်းအမှတ်စဉ်(၁၂၅)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် Online Learning System ဖြင့် ကျင်းပရာ ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး) ဒေါ်မူမူမြင့်က သင်တန်းဖွင့်အမှာစကား ပြောကြားသည်။


အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်(သင်ကြားရေး)၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများက အွန်လိုင်းမှ  တက်ရောက်ကြသည်။


အရာထမ်းငယ်သင်တန်းအမှတ်စဉ်(၁၂၅)သို့ သင်တန်းသား (၂၁၅)ဦး၊ သင်တန်းသူ (၂၃၅)ဦး စုစုပေါင်းဦးရေ ၄၅၀ တက်ရောက်လျက်ရှိပြီး မေ ၂၉ မှ ဩဂုတ် ၁၈ ရက်အထိ Distance Learning ဖြင့် လည်းကောင်း၊ ဩဂုတ် ၂၈ မှ စက်တင်ဘာ ၂၂ ရက်အထိ In-House Learning ဖြင့် လည်းကောင်း  ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်



No comments

Powered by Blogger.