နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော် ပန်လုံမြို့ရှိ ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ



ဟိုပန်     မေ    ၂၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ ဝင် ဦးရန်ကျော်သည် “ဝ” ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း   စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့်အတူ  ယနေ့နံနက် ၉  နာရီခွဲက  “ဝ”   ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း  ဟိုပန်ခရိုင်   ပန်လုံမြို့   အခြေခံပညာ အထက်တန်းကျောင်းတွင်   ပန်လုံမြို့ရှိ ဌာနဆိုင်ရာများ၊ ပညာရေးဌာနဝန်ထမ်း များ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။


တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်က  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည် ချက်တွင် “ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်    တည်ဆောက်ရေး အတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍ မြှင့်တင်ရေး”ဆိုသည့် အချက်ကိုထည့်သွင်းဖော်ပြထားပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့်လည်း နိုင်ငံသားတိုင်း KG+9 ပြီးဆုံးသည်အထိ  အခြေခံ ပညာသင်ယူခွင့်  ရရှိရေးအတွက် ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ   (၂၀ဝ၈ ခုနှစ်) ပုဒ်မ  ၃၆၆  အရ  နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ်ထားသော ပညာရေး ဆိုင်ရာမူဝါဒများနှင့်အညီ အခြေခံပညာ သင်ယူနိုင်ရေး၊ ကျောင်းနေအရွယ်ကလေးအားလုံး၊  ပညာသင်ယူရမည့် အရွယ် အာလုံးကျောင်း တက်ရောက်ရေး”စသည်တို့ကို    နိုင်ငံတော်၏   ပညာရေးအခြေခံ မူဝါဒအဖြစ်     ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ်   ကလေးအားလုံး ကျောင်းတက်ရောက် နိုင်ရန် ဆရာ၊  မိဘ၊ ကျောင်းသား  ကျောင်းသူများ၊  အုပ်ချုပ် ရေးအဖွဲ့အစည်းများမှ        ပူးပေါင်း ဆောင်ရွက်ကြရန်၊   အခက်အခဲရှိပါက တိုင်း/ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်မှတစ်ဆင့် တင်ပြဆောင်ရွက် သွားရန် မှာကြားသည်။


ထို့နောက်  ပန်လုံမြို့   အခြေခံပညာ အထက်တန်းကျောင်းအုပ်ကြီး ဒေါ်အက်စ် ခေါင်စေး က ပညာရေး ကဏ္ဍဆိုင်ရာများကို တင်ပြသည်။ ဆက်လက်၍    အ.ထ.က (ပန်လုံ)သို့ ထောက်ပံ့ငွေကျပ် ၁၀ သိန်း နှင့် ကျောင်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ပြီး တက်ရောက်လာသူများ ကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။            

                                          

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ပန်လုံမြို့ရှိ ပြန်လည်ပြုပြင်မည့်     ကြာကန်နေရာနှင့်     ယခင်ပန်လုံစော်ဘွားဟော်နန်း အဆောက်အဦကြံ့ခိုင်မှုကို   ကြည့်ရှု စစ်ဆေး သည်။  ဆက်လက်၍   ပြည်သူ့ ဆေးရုံသို့   သွားရောက်ကာ   ဆေးကုသမှု ခံယူနေသော  လူနာများကို   ကြည့်ရှု အားပေးပြီးထောက်ပံ့ပစ္စည်းများ ပေးအပ် သည်။ ထိုမှတစ်ဆင့် အမှတ်(၈)ရပ်ကွက်ရှိ နမ့်ခူရှဲ အမကကျောင်းသို့  သွားရောက်၍ ဆရာ ဆရာမများ၊ ကျောင်းသားမိဘများ နှင့်   တွေ့ဆုံအားပေးစကား   ပြောကြားသည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်သည် ပန်ကောက်ကျေးရွာ     အခြေခံပညာ အထက်တန်းကျောင်းခွဲသို့  ရောက်ရှိပြီး  ပညာရေး ဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ဒေသခံပြည်သူ များနှင့်  တွေ့ဆုံကာ ကျောင်းနေအရွယ် ကလေးအားလုံး  ကျောင်းတက်ရောက်နိုင်ရန်  ပူးပေါင်းပါဝင်  ဆောင်ရွက်ပေးရေးကို   မှာကြားခဲ့ပြီး   ကျောင်းအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့် ကျောင်းသုံး ပစ္စည်းနှင့် ဝတ်စုံများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်       

No comments

Powered by Blogger.