ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ



နေပြည်တော်   မေ    ၂၆


နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်   ဆိုင်ကလုန်း မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ   ၁၁  အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ်   ကြေညာချက်များ ထုတ်ပြန်၍ ယင်း ကြေညာချက်များပါ   ဒေသများတွင်     ပြန်လည်ထူထောင်ရေး လုပ်ငန်းများ   ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိ ကြီးများကို  ခန့်အပ်တာဝန်ပေး ထားပြီးဖြစ်သည်။


ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ     ဆောင်ရွက်ရန် အတွက် ခန့်အပ်တာဝန်ပေးအပ် ထားရှိရာ    မေ    ၂၅    ရက်တွင် မြောက်ဦးခရိုင် မင်းပြားမြို့နယ်သို့ ရောက်ရှိနေသော  ဗိုလ်မှူးချုပ် ခင်ဇော်သည် တာဝန်ရှိသူများနှင့် အတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့သော ဆန်နှင့် စားသောက် ဖွယ်ရာများ သယ်ဆောင်ရောက်ရှိ လာသည့် ပြည်တွင်းရေကြောင်းပိုင်   ကုလားတန် (၆) ရေယာဉ် မှ   ပစ္စည်းများကို    နယ်မြေခံ တပ်မတော်သားများနှင့်   ဌာန ဆိုင်ရာဝန်ထမ်းများက  သယ်ယူ ပို့ဆောင်ပေးနေမှုများကို   သွား ရောက်ကြည့်ရှုအားပေးပြီး(အပေါ် ဝဲပုံ) လိုအပ်သည်များ  မှာကြားကာ  ညှိနှိုင်းဆောင်ရွက် ပေးသည်။


အလားတူ      မြေပုံမြို့သို့ ရောက်ရှိနေသော  ဗိုလ်မှူးချုပ် ကျော်ကျော်စိုးသည် တာဝန်ရှိသူ များနှင့်အတူ    ယနေ့နက်ပိုင်းတွင်  မြို့နယ်အတွင်းရှိ  မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ဌာနဆိုင်ရာ    အဆောက်အအုံများ ပြန်လည်ပြုပြင်နိုင်ရေး    လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.