ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) အား ကြည့်ရှုစစ်ဆေး



နေပြည်တော် မေ ၂၉


စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် မေ ၂၇ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၏  ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ သတ်မှတ်ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်း စည်းကမ်းများကို တိတိကျကျ လိုက်နာဆောင်ရွက်ရန်၊ ဝန်မပါစမ်းသပ်လည်ပတ်ခဲ့ပြီးဖြစ်သည့် အလုပ်ရုံခွဲအသီးသီးရှိ စက်ပစ္စည်းကိရိယာများကို အမြဲမပြတ်စစ်ဆေးပြုပြင်နိုင်ရေး စီမံချက်များရေးဆွဲ ဆောင်ရွက်ရန်၊ စမ်းသပ်မောင်းနှင်ခြင်း၊ စစ်ဆေးပြုပြင်မှုများကို သတ်မှတ် SOP များနှင့်အညီ ဆောင်ရွက်ရန်၊ ဆောင်ရွက်ဆဲစီမံကိန်းလုပ်ငန်းများကို Time Line Schedule များအတိုင်း အချိန်မီပြီးစီး နိုင်ရေးနှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိရေးဆောင်ရွက်ရန်၊ လျှပ်စစ်ကြောင့် မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် ဝန်အားအပြည့်သုံးစွဲနိုင်ရေးအတွက် လျှပ်စစ်ဝါယာ ကြိုးများနှင့် ဆက်စပ်ပစ္စည်း ကိရိယာများကို စစ်ဆေးပြုပြင်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးကို အလေးထားဆောင်ရွက် ရန်နှင့် စက်ရုံပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ရန် မှာကြားသည်။


မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် စက်ရုံစားရိပ်သာ၌ စက်မှုဝန်ကြီးဌာနတွင် စတင်တာဝန်ထမ်းဆောင် မည့် ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ထမ်းများ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးကြရန်နှင့် သက်သာ ချောင်ချိရေး ဆောင်ရွက်ပေးရန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်စပ် ဆောင်ရွက်ပေးသည်။


ထို့နောက် ဒုတိယဝန်ကြီးသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီးသည့် စွန့်ပစ်အပူသုံး ဘွိုင်လာတွင် အပူခံပစ္စည်းများတပ်ဆင်ခြင်းလုပ်ငန်း၊ အလိုအလျောက် ထိန်းချုပ်မောင်းနှင်ခြင်းစနစ်နှင့် ဆက်စပ်သည့်ကိရိယာများတပ်ဆင်ပြီးစီးမှု၊ 132 KV လိုင်း၌ Protection Relay တပ်ဆင်ခြင်းလုပ်ငန်း၊ Iron Ore Sizing Screen တွင် လျှပ်စစ်မီး သွယ်တန်းခြင်းလုပ်ငန်း၊ Slurry Pond မှ Secondary Crusher သို့ 11 KV မြေအောက် လျှပ်စစ်ကြိုးဆက်သွယ် သွယ်တန်းခြင်းလုပ်ငန်း၊ ဖိအားမြှင့်လေအလုပ်ရုံတွင် လေဝင် လေထွက်စနစ် တပ်ဆင်ပြီးစီးမှု၊ စက်ရုံတစ်ခုလုံးသို့ ရေပေးဝေခြင်း အပြီးသတ်လုပ်ငန်း၊ မီးငြိမ်းသတ် ရေးစနစ် အပြီးသတ်ဆောင်ရွက်မှု၊ ဓာတ်ငွေ့ပိုက်လိုင်းများ အပြီးသတ်ဆောင်ရွက်မှုလုပ်ငန်းများ၊ Sizing Plant တွင် Screening Station တည်ဆောက်မှု၊ ကုန်ကြမ်းပြုပြင်ရေးအလုပ်ရုံတွင် Press Filter အား စမ်းသပ်မောင်းနှင် နေမှု၊ စက်ရုံအတွင်း မီးရထားလမ်းဖောက်လုပ်နေမှု၊ Cold Box အား ဆေးသုတ်နေမှု၊ သံရည်ကျိုအလုပ်ရုံ၊ Second Lift Pump House ၊ Air Compressor Station ၊ Waste Heat Recovery Power Station တွင် အမိုးအကာနှင့် Wall Tube များအား လဲလှယ်နေမှု၊ Main Step Down Substation နှင့် Repair Shop တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.