ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးစစ်အေးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Committee for External Relations of St. Petersburg ၏ Vice Chairman Vyacheslav G. Kalganov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့နှင့် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် မေ ၂၉

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးစစ်အေးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Committee for External Relations of St. Petersburg Vice Chairman ဦးဆောင်သော North-West Institute of Management of Russian Presidential Academy of National Economy and Public Administration (NWIM RANEPA) တက္ကသိုလ်မှ ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အစည်းအဝေးခန်းမ၌ Video  Conferencing  ဖြင့် တွေ့ဆုံဆွေးနွေးသည်။ 

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ NWIM RANEPA တို့အကြား နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင်  ဖွင့်လှစ်လျက်ရှိသော ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သင်တန်းများနှင့် အဆင့်မြင့်အရာထမ်းသင်တန်းများတွင် သင်ခန်းစာများလာရောက်ပို့ချရန်ကိစ္စ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များရှိ ဆရာ/ဆရာမများအား ToT သင်တန်းများ အပြန်အလှန်ပေးခြင်း၊ သင်ကြားရေးအတွေ့အကြုံများ ဖလှယ်ခြင်း၊ သင်တန်းအလိုက် ပို့ချလျက်ရှိသည့် ဘာသာရပ်များအား Review and Revise ပြုလုပ်ရာတွင် Update ဖြစ်စေရေးနှင့် သုတေသနလုပ်ငန်းများတွင် အထောက်အကူပြုမည့် နည်းပညာနှင့် စာကြည့်တိုက်ကိစ္စရပ်များ ကူညီပံ့ပိုးပေးခြင်းကိစ္စများ၊ လေ့ကျင့်သင်ကြားရေးဆိုင်ရာ နှစ်နိုင်ငံအပြန်အလှန် လေ့လာရေးခရီးစဉ်များ သွားရောက်ရန်ကိစ္စ၊ ပညာသင်စေလွှတ်ရေးအစီအစဉ်များ ပူးပေါင်းဆောင်ရွက်ရန်နှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုဆိုင်ရာ အတွေ့အကြုံများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုးမြင့်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်တင်စိုး၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဆွေ၊ နိုင်ငံဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) မှ ပါမောက္ခချုပ် ဦးကျော်စိုး၊ နိုင်ငံဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ် ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်





No comments

Powered by Blogger.