ညောင်ဦး - ကျောက်ပန်းတောင်း ကားလမ်း မိုင်တိုင်အမှတ် ၁၂/၃ နှင့် ၁၂/၄ အကြားတွင် ဆီသယ်ယာဉ်တစ်စီး မီးလောင်

နေပြည်တော် မေ ၂၆


ညောင်ဦးမြို့နယ်၊ တောင်ဇင်းနယ်မြေ၊ ဝါခင်းကြီး ကျေးရွာအနီး၊ ညောင်ဦး - ကျောက်ပန်းတောင်း ကားလမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၂/၃ နှင့် ၁၂/၄ အကြားတွင် မေ ၂၆ ရက် နံနက် ၁၁ နာရီခန့်က ရေနံစိမ်းများ သယ်ဆောင်လာသော ယာဉ်အမှတ် 1C/ ------- အဖြူရောင် ၁၂ ဘီး ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင် ၂၇ ဦး၊ မီးသတ်ယာဉ် ငါးစီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ  နံနက် ၁၁ နာရီ ၁၇ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်းနှင့်  ဖြစ်စဉ်ကြောင့် လူထိခိုက်မှု မရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။


MDN 






No comments

Powered by Blogger.