ထားဝယ်သူနာပြုသင်တန်းကျောင်း ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်

ထားဝယ် ဇွန် ၁၆


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်သူနာပြုသင်တန်းကျောင်း၊ အပတ်စဉ်(၂၉) ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲကို ဇွန် ၁၆ ရက် နံနက်ပိုင်းက ထားဝယ်မြို့၊ ထားဝယ်သူနာပြုသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် “မိမိတို့၏ အသက်မွေးဝမ်းကျောင်း အတတ်ပညာရပ်ဖြစ်သော သူနာပြုပညာရပ်ကို မွန်မြတ်သောလုပ်ငန်းအဖြစ် ရေရှည်အောင်မြင်စေရန်အတွက် အထူးအလေးထား ကြိုးစားဆောင်ရွက်ကြပါရန်နှင့် ဖလော့ရင့်နိုက်တင်ဂေးကဲ့သို့ သူနာပြုများ များစွာပေါ်ထွန်းလာပါစေကြောင်း” ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ကုသရေးဦးစီးမှူး ထားဝယ်သူနာပြုသင်တန်းကျောင်း (စီမံဥက္ကဋ္ဌ) ဒေါက်တာအောင်ငွေစံက အမှာစကား ပြောကြားပြီး ထားဝယ်သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်သင်းသင်းလှိုင်က Coating and Cappingနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများက အပတ်စဉ်(၂၉) သင်တန်းသား သင်တန်းသူ ၃၈ ဦးအား ဂျူတီကုတ်အင်္ကျီနှင့် ဦးဆောင်းအပ်နှင်းသည်။


ထို့နောက် ကျောင်းအုပ်ကြီး၊ ကျောင်းအုပ်(စီမံ)နှင့် ကျောင်းအုပ်(သင်ကြား)တို့ထံမှ လက်ဆင့်ကမ်းဆီမီးတိုင်များကို ထွန်းညှိ၍ သူနာပြုသစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပညာရည်ချွန်ဆု ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအား ဆုများချီးမြှင့်ခဲ့သည်။


တိုင်းဒေသကြီး(ပြန်/ဆက်)








No comments

Powered by Blogger.