လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း အငယ်တန်းအင်ဂျင်နီယာ(၂) လုပ်ငန်းခွင်ဝင် မွမ်းမံသင်တန်းဆင်းပွဲကျင်းပ

နေပြည်တော် ဇွန် ၁၆


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း အငယ်တန်းအင်ဂျင်နီယာ(၂)များ လုပ်ငန်းခွင်ဝင် မွမ်းမံသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲကို ဇွန် ၁၆ ရက် နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကျင်းပသည်။


ဦးစွာ ဒုတိယဝန်ကြီး ဦးအေးကျော်က “နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ကဏ္ဍသည် အဓိကကဏ္ဍတွင် ပါဝင်သည့်အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးရောင်းချမှုစနစ်များ  ဖွံ့ဖြိုးတိုးတက်လာစေရန် သင်တန်းသားများအနေဖြင့် သင်တန်းမှရရှိသည့် အခြေခံပညာရပ်များကို လုပ်ငန်းခွင် အတွေ့အကြုံနှင့် ပေါင်းစပ်ပြီး အကောင်းဆုံး ကြိုးစားကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်း စည်းမျဉ်း စည်းကမ်းများနှင့်အညီ တာဝန်ယူ၊ တာဝန်ခံနိုင်သူများဖြစ်ရေး နေထိုင် ကျင့်ကြံရန်နှင့် ဌာနအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံအကျိုးကို စိတ်ကောင်းစေတနာအပြည့်ဖြင့် စွမ်းစွမ်းတမံကြိုးစား အားထုတ် ဆောင်ရွက်ကြစေလိုကြောင်း”  ပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသားများအား ဆုများပေးအပ်ချီးမြှင့်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက သင်တန်းဆင်း လက်မှတ်များကို သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးထံ ပေးအပ်သည်။


သင်တန်းဆင်း အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။


သတင်းစဉ်







No comments

Powered by Blogger.