သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မော်လမြိုင်)၏ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် သင်တန်း ဖွင့်ပွဲကျင်းပ

မော်လမြိုင် ဇွန် ၁၆


မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် စာရင်းကိုင်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်စေရန်နှင့် သင်တန်းသားများအနက် ထူးချွန်သူများကို ရွေးချယ်၍ သမဝါယမကောလိပ်များနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူး၍ ပညာဆက်လက်သင်ယူနိုင်သည့် အခွင့်အလမ်းများ ဖန်တီးပေးရန် ရည်ရွယ်၍ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း၏ ၂၀၂၃ ၂၀၂၄ ပညာသင်နှစ် သင်တန်းဖွင့်ပွဲကို ဇွန် ၁၆ ရက် နံနက်ပိုင်းက  သက်မွေးပညာ သင်တန်းကျောင်းခန်းမ (ရာမညဆောင်)၌ ကျင်းပခဲ့သည်။


သင်တန်းဖွင့်ပွဲတွင် သင်တန်းသား သင်တန်းသူများအား တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး သင်တန်းသူ တစ်ဦးက လက်ခံရယူခဲ့သည်။ အဆိုပါ သင်တန်းအား ၂ဝ၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပထမနှစ်နှင့် ဒုတိယနှစ် သင်တန်းသား သင်တန်းသူ ၇၇ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းဖွင့်ပွဲသို့ မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီးမျိုးဆွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။


ခရိုင်(ပြန်/ဆက်)






No comments

Powered by Blogger.