ရခိုင်ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသစာရင်းစစ်ရုံးများမှ မုန်တိုင်းဒဏ်သင့် ဝန်ထမ်းမိသားစုများအတွက် အလှူငွေပေးအပ်




နေပြည်တော် ဇွန် ၁၅


မြန်မာ-တရုတ် ယဉ်ကျေးမှုနှင့်ခရီးသွားမြှင့်တင်ရေးအသင်း (Myanmar-China Culture and Tourism Promotion Association) ဉက္ကဋ္ဌ Mr. Liu Wei နှင့် မိသားစုက ရခိုင်ပြည်နယ် စာရင်းစစ်ချုပ်ရုံးနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသစာရင်းစစ်ရုံးများမှ မိုခါဆိုင်ကလုန်းမုန်တိုင်း ဒဏ်သင့် ဝန်ထမ်းမိသားစုများအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နီလာခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ဦးစွာ မြန်မာ-တရုတ် ယဉ်ကျေးမှုနှင့်ခရီးသွားမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌက မုန်တိုင်းဒဏ်သင့် ဝန်ထမ်းမိသားစုများအတွက် အလှူငွေပေးအပ်လှူဒါန်းရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း တင်ပြသည်။

 

ယင်းနောက် အလှူရှင်မိသားစုက ရခိုင်ပြည်နယ် မုန်းတိုင်းဒဏ် သင့်ဝန်ထမ်းမိသားစု များအတွက် ပေးအပ်လှူဒါန်းသည့် အလှူငွေကျပ် ၃၅ သိန်းကို ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးက လက်ခံရယူပြီး လှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.