အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်း(ရန်ကုန်)ကို ကြည့်ရှုစစ်ဆေး
နေပြည်တော် ဇွန် ၁၅
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်ဦးကျော်စိုး၊ ဒေါက်တာသန်းမြင့် နှင့် ဒေါက်တာမြင့်သူမြိုင် တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ တို့အရ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ နတ်မောက် လမ်းသွယ်ရှိ အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်းကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်းအတွင်း လက်ခံစောင့်ရှောက် သင်ကြားပေးလျက်ရှိသော သင်တန်းသူများအား ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ၊ အစားအစာကျွေးမွေးမှုအခြေအနေ၊ အိပ်ဆောင်များထားရှိမှုအခြေအနေ၊ နိုင်ငံသား စိစစ်ရေးကဒ် ရရှိမှုအခြေအနေ၊ သန့်ရှင်းသောသောက်သုံးရေရရှိအောင် ဆောင်ရွက်ပေးနေမှု အခြေ အနေများနှင့် ပညာသင်ကြားခွင့်၊ မိသားစုနှင့်ဆက်သွယ်ခွင့်၊ မိသားစုနှင့်ပြန်လည်ပေါင်းစည်းခွင့်၊ အသက်မွေးဝမ်းကျောင်းပညာသင်ကြားခွင့်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် စသည့်အခြေခံ လူ့အခွင့်အရေးများရရှိအောင် ဆောင်ရွက်ပေးနေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ကော်မရှင်ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်းအား ကြည့်ရှုစစ်ဆေးရေး ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments