ဒုတိယဝန်ကြီး ဦးဝင်းရှိန် ပုသိမ်စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများသို့ ကွင်းဆင်းကြည့်ရှု




ပုသိမ် ဇွန် ၁၅


အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန် သည် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင် နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာလုပ်သားထုကျွမ်းကျင် မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်သည်။


ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်စက်မှုဇုန်ရှိ Dong Long Pathein  အထည်ချုပ်စက်ရုံနှင့် ပုသိမ်စက်မှုမြို့တော်ရှိ  Vent D’est အထည်ချုပ်စက်ရုံများသို့ သွားရောက် စစ်ဆေးကြည့်ရှုရာ စက်ရုံတာဝန်ခံများက လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်း အားတိုးတက်စေရေးအတွက် အလုပ်သမားရေးရာညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင် ရွက်နေမှု၊ အလုပ်သမားအဖွဲ့အစည်းနှင့် စက်ရုံတွင်း အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေး ကော်မတီ(WCC) ဖွဲ့စည်းဆောင်ရွက်နေမှု၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။


ဒုတိယဝန်ကြီးက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်မတော်တဆ ထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါရရှိခံစားမှု လျော့နည်းကျဆင်းစေရေး ဦးစီးဌာန၏အမိန့်နှင့် ညွှန်ကြား ချက်များ၊ စစ်ဆေးရေးအရာရှိများ၏ အကြံပြုချက်များကို သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ် ကြောင်း၊ လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်စေရန် WCC အဖွဲ့များမှ ညှိနှိုင်းဖြေရှင်းဆောင်ရွက် နေမှုကို ပုံမှန်ဆောင်ရွက်ရန် လိုကြောင်း၊ ကျွမ်းကျင်လုပ်သား မွေးထုတ်ပေးခြင်းဖြင့် လုပ်သားများ ၏ လူမှုစီးပွားဘဝကို တိုးတက်စေနိုင်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အပံ့ ရရှိနိုင်သဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့် ဆောင်ရွက်ရန်လိုကြောင်း။


အလုပ်သမားရေးရာ အငြင်းပွားမှုများ လျော့နည်းကျဆင်းစေရေး၊ မျှတသည့်အလုပ်သမား ရေးရာဆက်ဆံမှု ထူထောင်နိုင်ရေး၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) နှင့် အလုပ်သမားအဖွဲ့အစည်းများသည် အလုပ်ရှင်နှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန်လို တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.