ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ စိန့်ပီတာစဘတ်မြို့ရှိ JSC Atomenergomash (AEM-Technologies ‘Izhora’) နှင့် Central Design Bureau of Mechanical Engineering အလုပ်ရုံများသို့ သွားရောက်လေ့လာ
နေပြည်တော် ဇွန် ၁၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ်တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသော လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၁၄ ရက် နံနက်ပိုင်းတွင် စိန့်ပီတာစဘတ်မြို့အနီးရှိ JSC Atomenergomash (AEM-Technologies ‘Izhora’) အပူစွမ်းအင်သုံးနှင့် နည်းပညာဆိုင်ရာ Service ဆောင်ရွက်ပေးနေသော အလုပ်ရုံသို့ သွားရောက်လေ့လာကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် JSC Atomenergomash (AEM-Technologies ‘Izhora’) အလုပ်ရုံသို့ရောက်ရှိရာ အလုပ်ရုံ အမှတ်(၃၃)(၃၄)အတွင်း၌ အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံတွင် အသုံးပြုဆောင်ရွက် နေသော ဘွိုင်လာနှင့်တာဘိုင်ပစ္စည်းများ ထုတ်လုပ်မှုနှင့် တပ်ဆင်နေမှုများကို လေ့လာကြသည်။
ယင်းနောက် အလုပ်ရုံအစည်းအဝေးခန်းမတွင် JSC Atomenergomash (AEM-Technologies ‘Izhora’) ၏ Director General Mr.Kotov Igor က အလုပ်ရုံလည်ပတ် ဆောင်ရွက်နေမှုနှင့် ထုတ်လုပ်မှုကို Power Point ဖြင့် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Central Design Bureau of Mechanical Engineering အလုပ်ရုံသို့ ရောက်ရှိရာ အလုပ်ရုံ၏ Production Director Mr. Alexy Kuzmin က အလုပ်ရုံမှ ထုတ်လုပ်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
Central Design Bureau of Mechanical Engineering အလုပ်ရုံသည် နှစ်ပေါင်း ၈၀ ကြာ အတွေ့အကြုံရှိသော အလုပ်ရုံတစ်ခုဖြစ်ပြီး အပူစွမ်းအင်သုံးစက်ပစ္စည်းများ၊ ရေအေး စနစ်၊ ပန့်စနစ်၊ ပိုက်လိုင်းစနစ်များကို အဓိကထားထုတ်လုပ်လျက်ရှိသည်။ ထို့ပြင် အပူစွမ်းအင်သုံးစက်ရုံများ၊ ရေယာဉ်တပ်ဆင်ထုတ်လုပ်မှုများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုလုပ်ငန်းနယ်ပယ်များတွင် လိုအပ်သောစက်ပစ္စည်း ထုတ်လုပ်ခြင်းများအပြင် ဒီဇိုင်းများ ရေးဆွဲထုတ်လုပ်မှုကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
No comments