သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ (၂) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားများ ကျင်းပ
နေပြည်တော် ဇွန် ၁၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ (၂)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် နိုင်ငံတော်အဆင့် ထူးချွန်ဆုများ ချီးမြှင့်အပ်နှင်းခြင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက် များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သူများ၊ စီမံကိန်းလုပ်ငန်းများအလိုက် ဆောင်ရွက် နိုင်သူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုငွေများ ချီးမြှင့်ခြင်း၊ ဝန်ထမ်းထူးချွန်ဆုများ ချီးမြှင့်ခြင်း၊ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမွေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ ကံစမ်းမဲများဖောက်ပေးခြင်းနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်း အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် အဆိုပါရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားများသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ အငြိမ်းစားညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့် ဆုရကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြေကြားပြီး ဒုတိယဝန်ကြီး ဦးမြင့်စိုး က အမှာစကားပြောကြားသည်။
ထို့နောက် နိုင်ငံတော်မှပေးအပ်ချီးမြှင့်သည့် ဘွဲ့၊ တံဆိပ်ရရှိသူများအား ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက စာပေပညာထူးချွန်တံဆိပ် (ပထမဆင့်) ရရှိသော ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ စီမံထူးချွန်တံဆိပ် (ပထမဆင့်) ရရှိသူများ၊ စီမံထူးချွန်တံဆိပ် (ဒုတိယဆင့်)ရရှိသူများ၊ စီမံထူးချွန်တံဆိပ်(တတိယဆင့်)ရရှိသူများ၊ ဝန်ဆောင်စီးပွားထူးချွန်တံဆိပ် (တတိယဆင့်)ရရှိသူများနှင့် နည်းပညာထူးချွန်တံဆိပ်(တတိယဆင့်) ရရှိသူများကို ဂုဏ်ပြုဆု တံဆိပ်များ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ရာ ပြည်ထောင်စု ဝန်ကြီးက ဆုရရှိသော တနင်္သာရီတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၊ နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှာ တာဝန်ရှိသူများထံ ဂုဏ်ပြုဆုတံဆိပ် နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော နေရာဒေသ(စံပြကျေးရွာ)ဆုရရှိသော ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် မရဲ့အုန်းပင်စု မြစိမ်းရောင်ကျေးရွာအား ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးရုံး ဦးစီးဌာနများနှင့် တက္ကသိုလ်များမှ ဝန်ထမ်းများအတွက် ဝတ်စုံများ ထောက်ပံ့ပေးအပ် ရာ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပါမောက္ခချုပ်များက လက်ခံရယူကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး (သိပ္ပံတွဲ) ပထမရရှိသူ အပါအဝင် (၆) ဘာသာဂုဏ်ထူးရရှိသူ (၃) ဦး၊ (၅) ဘာသာဂုဏ်ထူး ရရှိသူ(၁)ဦး၊ (၄) ဘာသာဂုဏ်ထူးရရှိသူ (၂) ဦး၊ (၃) ဘာသာဂုဏ်ထူးရရှိသူ (၂) ဦး၊ (၂) ဘာသာ ဂုဏ်ထူး ရရှိသူ (၁၃) ဦး၊ (၁) ဘာသာဂုဏ်ထူးရရှိသူ (၁၂) ဦးတို့အတွက် တစ်ဘာသာလျှင် ငွေကျပ် တစ်သိန်းနှုန်းနှင့် ရိုးရိုးအောင်မြင်ခဲ့သော ဝန်ထမ်းသားသမီး ကျောင်းသားကျောင်းသူ (၄၂) ဦးတို့ အတွက် တစ်ဦးလျှင် ငွေကျပ်ငါးသောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၁၆) သိန်းနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများကိုလည်းကောင်း၊ ဝန်ကြီးဌာန (၂)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ကံစမ်းမဲပေါက်ကြသော ဝန်ထမ်းများထံ လက်ဆောင်စ္စည်းများကိုလည်းကောင်း ပေးအပ်သည်။
ထို့နောက် ဒုတိယဝန်ကြီးက နိုင်ငံဝန်ထမ်းတက္ကသိုလ်များတွင် ဆုရရှိသူများနှင့် သမဝါယမ အသင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစီးဆောင်ရွက်နိုင်သည့် စွမ်းဆောင်ရည်အကောင်းဆုံးဆု ရရှိသူများအတွက် ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုငွေများကိုလည်းကောင်း၊ သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ် (သန်လျင်နှင့်စစ်ကိုင်း)တို့မှ ဝန်ထမ်းများအတွက် ဝတ်စုံများနှင့် လက်ဆောင် ပစ္စည်းများကိုလည်းကောင်း ပေးအပ်သည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် က မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်နိုင်မှု အကောင်းဆုံးဆုရရှိသော ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်ရေရရှိရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အကောင်းဆုံးရရှိသော မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဘက် စုံကျေးလက်ဒေသဖွံ့ဖြိုးရေး ထူးချွန်ဆုရရှိသော နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် စက်မှုလက်မှုလုပ်ငန်းများတွင် ထူးချွန်စွာဆောင်ရွက်နိုင်သူများအား ဂုဏ်ပြုဆုတံ ဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ရာ ဆုရရှိသူများက လက်ခံရယူကြသည်။
ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များက ဦးစီးဌာနများ၊ တက္ကသိုလ် များအလိုက် ထူးချွန်ဆုရရှိကြသူများအတွက် ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများနှင့် ကံစမ်း မဲလက်ဆောင်ပစ္စည်းများကို ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက် ဝန်ကြီးဌာန (၂) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပရိတ်တရားတော် နာယူခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ သီရိဂန္ဓမာသပြေအေး မိုးကုတ်ဝိပဿနာကျောင်း တိုက်၊ ပဓာဏနာယကဆရာတော် အရှင်ဂန္ဓမာလာထံမှ ငါးပါးသီလခံယူခြင်း၊ ဆရာတော် အရှင် သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခြင်း၊ ရေစက်သွန်းချ အမျှပေးဝေခြင်းနှင့် ဆရာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းများ ဆပ်ကပ်လှူဒါန်း ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments