မြို့တော်တိုကျို၌ မီးသတ်ဌာနအား ကားတစ်စီးဝင်ရောက်တိုက်မိ၊ လမ်းသွားလမ်းလာတစ်ဦးသေဆုံး
ဇွန် ၆
မြို့တော်တိုကျိုအနောက်ပိုင်း
မာချီဒါမြို့ရှိ မီးသတ်ဌာနအား အသက် ၈၀ အရွယ် အမျိုးသား တစ်ဦးမောင်းနှင်လာသော ကားတစ်စီးက
ဝင်တိုက်မိခဲ့သဖြင့် တစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။
အဆိုပါမတော်တဆမှုသည် ယမန်နေ့ညနေ
၄ နာရီ ၃၀ မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုကားသည် လမ်းမပေါ်တွင်
မောင်းနှင်နေစဉ် လမ်းမဘေးရှိ လူသွားလမ်းသို့ထိုးကျသွားပြီး လမ်းသွား လမ်းလာတစ်ဦးကို
တိုက်မိခဲ့သည်ဟု ယူဆရကြောင်းနှင့် ၎င်းကားသည် မီးသတ်ဌာန၏နံရံအား တိုက်မိခဲ့ခြင်းဖြစ်ကြောင်း
ဖော်ပြထားသည်။
ယာဉ်တိုက်ခံရသူသည် အသက်အရွယ်ကြီးသူတစ်ဦးဖြစ်ဖွယ်ရှိပြီး
၎င်းကို ဆေးရုံသို့ပို့ဆောင်ခဲ့သော် လည်း တစ်နာရီခန့်အကြာတွင် သေဆုံးသွားကြောင်း အတည်ပြုဖော်ပြခဲ့သည်။
ယာဉ်မောင်း၏လက်တွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်ဟု
သိရသည်။ ထိုယာဉ်ဝင်တိုက်မှုကြောင့် တိုကျိုမီးသတ်ဌာန၏ လုပ်ငန်းများထိခိုက်ခြင်းမရှိဟု
တိုကျိုမီးသတ်ဌာနက ဆိုသည်။
ရဲတပ်ဖွဲ့က ၎င်းယာဉ်မတော်တဆဖြစ်မှုနှင့်ပတ်သက်ပြီး
စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို

No comments