အာဖဂန်နစ္စတန်နိုင်ငံ၌ ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် ခြောက်ဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရ
ဇွန် ၁၅
အာဖဂန်နစ္စတန်နိုင်ငံတွင် မကြာသေးမီက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် ခြောက်ဦးထက်မနည်းသေဆုံးပြီး အခြားရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းရုပ်သံချန်နယ်တစ်ခု ယနေ့ဖော်ပြသွားသည်။
အဆိုပါရေကြီးရေလျှံမှုကြောင့် နေအိမ်အလုံး ၃၀၊ တံတားခုနစ်စင်းနှင့် ခြံမွေးတိရစ္ဆာန် ၈၃၂ ကောင်နှင့် စိုက်ပျိုးမြေများ ပျက်စီးခဲ့ကြောင်း တိုလိုသတင်းဌာနတွင် ဖော်ပြထားသည်။
နိုင်ငံအတွင်း ကူနာ၊ နာရစ်တန်၊ ဘာဒတ်ခ်ရှန်၊ ပတ်တီအာ၊ တာခါ၊ ဂိုအာနှင့် ပါဝန်ပြည်နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသည်။
အစောပိုင်းက ဘာဒတ်ခ်ရှန်၊ တာခါ၊ ဘတ်ရှ်လန်၊ နာရစ်တန်၊ ကူနာ၊ လာရှ်မန်၊ ပါဝန်နှင့် ကာပစ်ဆာ တို့ကဲ့သို့သောအချို့သောပြည်နယ်များတွင် မိုးရေချိန် မီလီမီတာ ၁၀ မှ ၂၅ အထိရှိသည်ဟု အာဖဂန်နစ္စတန်နိုင်ငံ၏မိုးလေဝသဌာနက ခန့်မှန်းပြောကြားထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments