နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် ဝန်ထမ်းမိသားစုများမှ စုပေါင်းလှူဒါန်းသော ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲကျင်းပ
နေပြည်တော် ဇွန် ၃
နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်တို့၏ ဒုတိယအကြိမ်ဝန်ထမ်းမိသားစုများမှ လစဉ်စုပေါင်းလှူဒါန်းသော ဆွမ်း ဆန်တော် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ သီရိမင်္ဂလာဘုံမြင့်ကျောင်း ပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။
အခမ်းအနားသို့ သီရိမင်္ဂလာဘုံမြင့် ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပညောဘာသအမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော် မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နှင့် ဇနီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် များနှင့် ၎င်းတို၏ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဧည့်ပရိသတ်များက သီရိမင်္ဂလာဘုံမြင့် ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက သီရိမင်္ဂလာဘုံမြင့် ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ထံ ဆွမ်းဆန်တော်များနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် သီရိမင်္ဂလာဘုံမြင့် ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ထံမှ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော် ဖွံ့ဖြိုးရေးဘဏ် ဝန်ထမ်းမိသားစုများမှ စုပေါင်းလှူဒါန်းသော ဆွမ်းဆန်တော် ဆက်ကပ် လှူဒါန်းပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းရှိ သီရိမင်္ဂလာ ဘုံမြင့်ပရိယတ္တိစာသင်တိုက်၊ ရတနာသိဒ္ဓိကျောင်းတိုက်၊ သနပ္ပင်ဆိပ်ကျောင်းတိုက်၊ မင်္ဂလာ ဇေယျပါဠိတက္ကသိုလ်ကျောင်းတိုက်၊ နံတော်စဉ်ကျောင်းတိုက်၊ မာရ်အောင်ကျောင်း တိုက်နှင့် မဟာလယ်တီစံကျောင်းတိုက်များသို့ ဆွမ်းဆန်တော်အိတ်စုစုပေါင်း ၄၃ အိတ်ကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန်အတွင်း ရေလယ်ဘုရားကျောင်းဆောင်နှင့် ရှင်ဥပဂုတ္တကျောင်း ဆောင် အသစ်ပြန်လည်တည်ဆောက်မည့် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရပါသည်။
သတင်းစဉ်
No comments