ဥတ္တရသီရိနှင့် တာချီလိတ်မြို့နယ်တို့တွင် မူယစ်ဆေးဝါးများဖမ်းဆီးရမိ




နေပြည်တော် ဇွန် ၃


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၂ ရက် ညနေ ၄ နာရီခွဲတွင် ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ အနောက်ဆည်ကန်ကျေး ရွာနေ တင်မိုး ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မယုယခင်(ခ)မေလေး နှင့် အေးလွင် တို့ကို တွေ့ရှိရပြီး နေအိမ်ခြံဝင်းရှိ ပလတ်စတစ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၇၀၀ ကိုလည်းကောင်း။


မေ ၃၁ ရက် ည ၉ နာရီ ၄၅ မိနစ်တွင် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်နေ မနန်းအွေရှဲန် ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းကို မတွေ့ရှိရဘဲ စိုင်းရီရှဲန်၊ ထုံချိုင်ဘွတ်ချို့၊ ကျလိန်ခွန်လတ် နှင့် အိုက်လောက် တို့(၄)ဦးကို တွေ့ရှိရပြီး နေအိမ်ဧည့်ခန်းရှိ လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၅,၆၀၀ ၊ အိုက်စ် သုည ဒသမ ၆ ကီလို၊ အက်တက်စီဆေးပြား ၃၅၀ ၊ Frimin-5 ဆေးပြား ၇၈၀ ၊ Erimin-5 ဆေးပြား ၂,၅၀၀ ၊ ကဖင်း တစ်ကီလို၊ မူးယစ် ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့်ပစ္စည်းများနှင့် ၉ မမ ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည်အိမ် တစ်ခုတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။


ရဲပြန်ကြား

No comments

Powered by Blogger.