တောင်ကိုရီးယားနိုင်ငံ၌ ယာဉ်ရှစ်စီး ဆင့်တိုက်မှုဖြစ်ပွားသဖြင့် လူ ၃၀ နီးပါး ဒဏ်ရာရ

 



ဇွန် ၁၆


တောင်ကိုရီးယားနိုင်ငံအရှေ့ပိုင်း ဂန်ဝန်ပြည်နယ်တွင် ယာဉ်ရှစ်စီးဆင့်တိုက်မှုဖြစ်ပွားခဲ့သဖြင့် လူ ၃၀ နီးပါးဒဏ်ရာရရှိခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနက ယနေ့တွင် ဖော်ပြထားသည်။


ဆိုးလ်မြို့တော်၏အရှေ့ဘက် ကီလိုမီတာ ၁၀၀ ခန့်အကွာ ဟောင်ချွန်ခရိုင်ရှိ လမ်းမပေါ်တွင် ဒေသစံတော်ချိန် ၁ နာရီ ၂၆ မိနစ်ခန့်က ကျောင်းကားလေးစီး၊ ထရပ်ကားသုံးစီးနှင့် ခရီးသည်တင်ကားတစ်စီးတို့ တိုက်မိခဲ့ကြခြင်းဖြစ်သည်။

အဆိုပါယာဉ်မတော်တဆမှုတွင် လူ ၃၀ နီးပါး ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်ဟု မီးသတ်အာဏာပိုင်များနှင့် ရဲတပ်ဖွဲ့တို့၏ပြောကြားချက်ကို ကိုးကားပြီး ယွန်ဟပ်သတင်းဌာနက ဖော်ပြထားသည်။


ထိုကျောင်းကားများပေါ်တွင် ဆိုးလ်မြို့တော်ရှိ အလယ်တန်းကျောင်းမှ ကျောင်းသားများနှင့် ဆရာများ လိုက်ပါလာကြသည်ဟု သိရသည်။


မီးသတ်အာဏာပိုင်များနှင့် ရဲတပ်ဖွဲ့ဝင်များသည် ယာဉ်မတော်တဆဖြစ်ပွားမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေစဉ် ကယ်ဆယ်ရေးသမား ၃၀ ခန့်ကို ယာဉ်တိုက်မှုဖြစ်ပွားရာနေရာသို့ စေလွှတ်ခဲ့ကြောင်း ဖော်ပြထားသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.