ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း






နေပြည်တော် ဇွန် ၃


ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်၊ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။


ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ အုန်းတောပရိယတ္တိစာသင်တိုက်၊ ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ သီရိသုဇနဘေးမဲ့ကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ဝါးခယ်မကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ မဟာဗောဓိဗုဒ္ဓဂါယာကျောင်းတိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ မြစကြာကျောင်း တိုက်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ သစ္စာဂုဏ်ရည်ကျောင်းတိုက်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ သဒ္ဓမ္မသိဒ္ဓိကျောင်းတိုက်နှင့် သာကေတမြို့နယ်ရှိ ဟင်္သာတအတွင်းပတ္တမြားစာသင်တိုက်များသို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ သာသနာ့ဝန်ဆောင် မြို့ဦး ကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ ကျိုက်ဇမျှားကျောင်းတိုက်၊ မကွေးတိုင်း ဒေသကြီး ပခုက္ကူမြို့နယ်ရှိ လေသာတိုက်သစ်ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ နယ်ရှိ ဆင်ဖြူမယ်ကျောင်းတိုက်၊ အောင်မြေသာစံမြို့နယ်ရှိ ဥဿာပရိယတ္တိစာသင်တိုက်နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ မြရတနာကျောင်းတိုက်များသို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာ တော်၊ သံဃာတော်များအတွက်  တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.