ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးအား လက်ခံတွေ့ဆုံ




နေပြည်တော်  ဇွန် ၂၇



လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Dr. Nikolya Listopadov အား ယနေ့နံနက် ၁၁ နာရီတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။


တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားနိုင်ငံနှင့် ဆက် လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြီးအကဲများအကြား ဆွေးနွေး ဆောင်ရွက်ခဲ့မှုများအရ သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့သည့်အခြေအနေ၊ မြန်မာနိုင်ငံတွင်ရှိ သော နေရောင်ခြည်စွမ်းအင်၊ ရေအားလျှပ်စစ်နှင့် လေအားလျှပ်စစ်စသည့် အရင်းအမြစ်များကို အသုံးပြု၍ စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေ၊ လျှပ်စစ်ကဏ္ဍဆိုင်ရာစီမံကိန်းများတွင် မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့် နှစ်နိုင်ငံအကြားကဏ္ဍစုံ ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ 

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.