စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာသင် ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ




နေပြည်တော် ဇွန် ၂၇


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာသင် ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ကျောင်းသားမိဘများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်နှင့် နယ်စခန်းအသီးအသီးမှ ဝန်ထမ်းများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် တစ်မျိုးသားလုံး ပညာရည်မြင့်မားရေးကို အမျိုးသားရေး မျှော်မှန်းချက်ချမှတ်ပြီး ခေတ်နှင့်လျော်ညီသည့် ပညာ ရေး ပြုပြင်ပြောင်းလဲမှုများကို စီမံကိန်းချမှတ်၍ စနစ်တကျ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှလည်း နိုင်ငံတော် အစိုးရမူဝါဒနှင့်အညီ မိမိဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သား/သမီးများ ပညာသင်ကြားရာတွင် အဆင်ပြေစေရန်နှင့် အထောက်အပံ့ ဖြစ်စေရန်အတွက် ပညာသင်ထောက်ပံ့ကြေးကို နှစ်စဉ်တိုးမြှင့် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ကျောင်းသားမိဘများ အနေဖြင့်လည်း မိမိတို့၏ သား/ သမီးများကို ပညာတတ် လူချွန်လူကောင်း များဖြစ်စေရေးအတွက် အလေးထား ပြုစုပျိုးထောင် ပေးစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၊ ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ ဝန်ထမ်းသား/ သမီးများအတွက် ပညာသင်ထောက်ပံ့ကြေးများကို လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးမင်း မင်းက မူပိုင်ခွင့်ဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ ဝန်ထမ်းသား/သမီးများ အတွက် ပညာသင်ထောက်ပံ့ကြေးများကိုလည်းကောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံ ပေးအပ်သည်။


ယခုနှစ် ပညာသင်နှစ်တွင် ဝန်ကြီးဌာနရှိ ဝန်ထမ်းသားသမီးများအနက် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၁၀၁)ဦး အတွက် ကျောင်းသုံးဗလာစာအုပ် (၂၈၈) ဒါဇင်အပါအဝင် ပညာသင်ထောက်ပံ့ကြေး စုစုပေါင်း ငွေကျပ် ၃၅၁၆၅၆၀ဝ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.