ပြည်ထောင်စုဝန်ကြီး ဦးကိုကို “လောဘအမှောင်” ဆို ငို ပြော ဇာတ်တော်ကြီး ဝတ်စုံပြည့် ဇာတ်တိုက်လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေး




နေပြည်တော် ဇွန် ၂၇


အနုပညာဦးစီးဌာနမှ အနုပညာရှင်ဝန်ထမ်းများ၏ “လောဘအမှောင်” ဇာတ်တော် ကြီးဝတ်စုံပြည့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ ညနေပိုင်းက သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာန ရုံးအမှတ်(၃၅)ရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ ဆောင်ရွက်သည်။


ဝတ်စုံပြည့်ဇာတ်တိုက်လေ့ကျင့်နေမှုကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်စိုးသန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးသည်။


လေ့ကျင့်ဇာတ်တိုက်မှုအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကို က စင်တင်အနုပညာဖြစ် သည့် ပြဇာတ်နှင့် ဇာတ်တော်ကြီးများ၏ အနှစ်သာရသည် အပြောပညာရပ်ဖြစ်ကြောင်း၊ စာပေ၏ အနှစ်သာရသည် အတွေးဖြစ်ကြောင်း၊ ရုပ်ရှင်၏ အနှစ်သာရသည်လှုပ်ရှား မှုဖြစ်ကြောင်း၊ ထို့ကြောင့် ဇာတ်သဘင်၏ အပြောပညာရပ်ကို အလေးထား၍ လေ့ကျင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး နှင့် ဒုတိယဝန်ကြီး ဦးမြင့်စိုး တို့က အကြံပြုဖြည့်စွက် ဆွေးနွေးကြသည်။


ဖျော်ဖြေတင်ဆက်မှုများအပြီးတွင် တင်ဆက်ကပြသူ အနုပညာရှင်ဝန်ထမ်းများကို ပြည်ထောင်စုဝန်ကြီး ဦးကိုကို နှင့် ဦးအောင်နိုင်ဦး တို့က ဂုဏ်ပြုဆုငွေများချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.