ရခိုင်ပြည်နယ် စစ်တွေကလေးပြုစုရေးတွင် စောင့်ရှောက်ထားသည့် ကလေးသူငယ် (၁၃)ဦးကို စိတ်ပိုင်းဆိုင်ရာလုံခြုံမှု ရှိစေရေးအတွက် နေပြည်တော် ကလေးပြုစုရေးသို့ ပြောင်းရွှေ့စောင့်ရှောက်
နေပြည်တော် ဇွန် ၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်း ဦးစီးဌာန ရခိုင်ပြည်နယ် စစ်တွေကလေးပြုစုရေးတွင် စောင့်ရှောက်ထားသည့် ကလေးသူငယ် (၁၃)ဦးကို မေ (၁၄)ရက်က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းဒဏ်ကြောင့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရှိ စေရေးအတွက် နေပြည်တော်ကလေးပြုစုရေးသို့ ပြောင်းရွှေ့စောင့်ရှောက်နိုင်ရန် စီစဉ်ဆောင် ရွက်လျက်ရှိသည်။
အဆိုပါကလေးသူငယ်(၁၃)ဦးသည် ယမန်နေ့က ပြုစုသူဆရာမ (၃)ဦး လိုက်ပါ၍ စစ်တွေမြို့မှ နေပြည်တော်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ထွက်ခွာလာရာ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ညနေပိုင်းတွင် ဆိုက်ရောက်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်၍ နေပြည်တော် ကလေးပြုစုရေးသို့ ပို့ဆောင်ပေးခဲ့သည်။
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် နေပြည်တော်ကလေးပြုစုရေးဌာနသို့ သွားရောက် ပြီး အဆိုပါကလေးငယ်များကို လက်ဆောင်ပစ္စည်းများပေးအပ်ကာ ချစ်ခင်ရင်းနှီးစွာ နှုတ်ဆက်၍ လိုအပ်သည်များ ပံ့ပိုးပေးခဲ့ပြီး စနစ်တကျ နေရာချထားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments