၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ရှုံးထွက်ပွဲစဉ်များ ဆက်လက်ကျင်းပ



နေပြည်တော် ဇွန် ၃၀

 

တက္ကသိုလ်လက်ရွေးစင်မှသည် မြန်မာ့လက်ရွေးစင်ဆီသို့ ဟူသော ဦးတည်ချက်ဖြင့် ကျင်းပလျက်ရှိသည့် ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အဌမနေ့ ကွာတားဖိုင်နယ် ရှုံးထွက်ပွဲစဉ် များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းများတွင် ကျင်းပရာ ပြိုင်ပွဲဝင်း အသင်းများ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။


နံနက်ပိုင်းတွင် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌  ပညာရေးဝန်ကြီးဌာန(က) အသင်းနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပညာရေးဝန်ကြီးဌာန (က)အသင်းက  ၈ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိသွားသည်။


ထို့အတူ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နယ်စပ်ရေးရာဝန်ကြီးဌာန အသင်းက ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိ သွားသည်။


ညနေပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၃)၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (ခ)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဘက်  ၂ ဂိုးစီဖြင့် သရေကျနေသဖြင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းက ၇ ဂိုး ၅ ဂိုးဖြင့် အနိုင်ရရှိသွားသည်။


အလားတူ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဝန်ကြီးဌာန အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။


ယနေ့ကျင်းပသည့် ကွာတားဖိုင်နယ်ရှုံးထွက်ပွဲစဉ်များသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီးထွန်းထွန်းနောင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကျော်၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစား သမားများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများ၊ သက်ဆိုင်ရာဝန်ကြီး ဌာနများမှ ဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင် ပြည်သူများ လာရောက်ကြည့်ရှုအားပေး ကြသည်။


ဇူလိုင် ၁ရက်တွင် ပြိုင်ပွဲခေတ္တရပ်နားမည်ဖြစ်ပြီး ဇူလိုင် ၂ ရက် နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိ ဘောလုံး ကွင်း၌ အကြိုဗိုလ်လုပွဲစဉ်များအဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီး ဌာန(က)တို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ညနေပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအသင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.