Oliver Stones’s Documentary “Nuclear Now” ရုပ်ရှင်ပြသပွဲကျင်းပ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ တက်ရောက်ကြည့်ရှုအားပေး




ရန်ကုန် ဇွန် ၃၀


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းROSATOM”တို့ ပူးပေါင်းဆောင်ရွက်သော သိပ္ပံပွဲတော် ၂၀၂၃ တတိယနေ့တွင် Oliver Stones’s Documentary  “Nuclear Now ” ရုပ်ရှင်ပြသပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ နျူးကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ၌ ကျင်းပသည်။


ရုပ်ရှင်ပြသပွဲသို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းROSATOM” မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ပြည်တွင်းမှ သတင်းမီဒီယာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံ ပိုင်အဏုမြူစွမ်းအင် ကော်ပိုရေးရှင်းROSATOM”မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ပြည်တွင်းမှ သတင်းမီဒီယာများနှင့် တာဝန်ရှိသူများက Oliver Stones’s Documentary  “Nuclear Now”ရုပ်ရှင်ကို ကြည့်ရှုအားပေး ကြသည်။


ယင်းနောက် Oliver Stones’s Documentary  “Nuclear Now” ရုပ်ရှင်တွင်ပါဝင်သည့် အကြောင်းအရာ များနှင့် ပတ်သက်၍ မီဒီယာများနှင့် တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်းကြရာ ရုရှားဖက်ဒေးရှင်းနိုင်ငံဘက်မှ ကျွမ်းကျင်ပညာရှင်မှ ပြန်လည်ဖြေကြားသည်။


ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင် အဏုမြူစွမ်းအင် ကော်ပိုရေးရှင်းROSATOM” မှတာဝန်ရှိသူထံ လက်ဆောင်ပစ္စည်းပေးအပ်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM” တာဝန်ရှိသူက ကျေးဇူတင်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.