ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်




ကျောက်ဖြူ ဇွန် ၃


ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ဇွန် ၃ ရက် နံနက်ပိုင်းက ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုအားပေးသည်။


ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် အဖွဲ့သည် ကျောက်ဖြူမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး  အဆိုပါကျောင်း၌ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့၊ အမှတ်(၆)မှ အရာရှိ၊ စစ်သည်များ၊ ကျောက်ဖြူတပ်နယ်မှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများက စာသင်ကျောင်းခြံဝင်း အတွင်း/အပြင် သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုနှင့် မြို့ပေါ်ပရဟိတအဖွဲ့များက ကျောင်းသား ကျောင်းသူများ ခြင်အန္တရာယ် ကင်းဝေးစေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စာသင်ခန်းများအတွင်း ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး(ပြန်/ဆက်)


No comments

Powered by Blogger.