ချောင်းဆုံမြို့နယ်ရှိ လယ်ယာများတွင် စပါးစိုက်ပျိုးမှု ၈၈၄၃ ဧက ပြီးစီး
ချောင်းဆုံ ဇွန် ၃
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးစပါး စိုက်ပျိုးဧက ၆၅၂၄၂ ဧက စိုက်ပျိုးရန် လျာထားရာ တောင်သူများ လယ်ယာလုပ်ငန်းခွင် စတင်ချိန်မှစ၍ ဇွန် ၂ ရက်အထျ မိုးစပါး ဧက ၈၈၄၃ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမှု လျာထားချက် ပြည့်မီကျော်လွန်စေရေး၊ မျိုးကောင်း မျိုးသန့်စပါးများ စိုက်ပျိုး၍ အထွက်နှုန်း တိုးများစေရေးအတွက် စိုက်နည်းစနစ်၊ သဘာဝမြေဩဇာ သုံးစွဲမှုစနစ် မှန်ကန်စေရေးတို့အတွက် တောင်သူများအား ပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး ဇွန် ၂ ရက်အထိ စိုက်ပျိုးရန် မြေပြင်ပြီးစီးမှု ၂၁၇၇၁ ဧက၊ ပျိုးထောင်ပြီး ဧက ၃၀၉၁ ဧကနှင့် စိုက်ပျိုးပြီးစီးမှု ၈၈၄၃ ဧက ရှိပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)
No comments