ပေါက်တောမြို့ အလယ်ပိုင်းရပ်ကွက်ရှိ ဘဲသောက်ကန်အား သန့်ရှင်းရေးဆောင်ရွက်


ပေါက်တော ဇွန် ၃


ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ ဘဲသောက်ကန်အား ဌာနဆိုင်ရာများ စုပေါင်းပြီး ဇွန် ၃ ရက် နံနက်ပိုင်းတွင် မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် သောက်ရေကန်အတွင်းရှိ  ပြိုလဲနေသည့် သစ်ပင်ကြီးများ၊ သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ကြသည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်ဆန်နီအုန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ခေါက်ဆွဲခြောက်များ ဝေငှခဲ့သည်။

ဝင်းမင်းစိုး(ပြန်/ဆက်)

No comments

Powered by Blogger.