ထိုင်းနိုင်ငံသို့ ဇန်နဝါရီလမှ ဇွန်လအတွင်း နိုင်ငံခြားခရီးသွား ၁၂ ဒသမ ၄၆ သန်းဝင်ရောက်

 



ဇွန် ၂၈


ထိုင်းနိုင်ငံသို့ ဇန်နဝါရီလမှ ဇွန်လလယ်ပိုင်း ကြားကာလအတွင်း နိုင်ငံခြားခရီးသွား ၁၂ ဒသမ ၄၆ သန်းရောက်ရှိခဲ့ကြောင်း ယမန်နေ့က ဖော်ပြထားသည်။


နိုင်ငံအတွင်းသို့ ယခုနှစ်တစ်နှစ်ပတ်လုံး နိုင်ငံခြားခရီးသွား ၂၅ သန်းရောက်ရှိရန် ရည်မှန်းထားသည်ဟု အချက်အလက်ဖော်ပြချက်အရ သိရသည်။


လွန်ခဲ့သောသီတင်းပတ်အထိ နိုင်ငံခြားခရီးသွားများထံမှ ထိုင်းဘတ် ၅၁၄ သန်းကျော် (အမေရိကန် ဒေါ်လာ ၁၄ ဒသမ ၅၇ ဘီလီယံ) ဝင်ငွေရရှိခဲ့သည်။ 


အဆိုပါခရီးသွားများထံမှ ရရှိသောဝင်ငွေများတွင် တရုတ်ခရီးသွားများထံမှရရှိသောဝင်ငွေသည် အဓိကပါဝင်သည်ဟု ခရီးသွားလာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သောအချက်အလက်အရ သိရသည်။


ထိုင်းနိုင်ငံသို့ လက်ရှိအချိန်အထိ ရောက်ရှိသော ခရီးသွားအရေအတွက်သည် သုံးနှစ်အတွင်း အမြင့်မားဆုံးဖြစ်ပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ ခရီးသွားအရေအတွက် ၂၅ သန်းရောက်ရှိရန် မျှော်မှန်းထားကြောင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇွန်လ ၂၆ ရက်က ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။


၂၀၂၂ ခုနှစ်က နိုင်ငံခြားခရီးသွားအရေအတွက်  ၁၁ ဒသမ ၁၅ သန်းကျော် ရောက်ရှိခဲ့သည်။ ကမ္ဘာ့ကပ်ရောဂါ  ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီ ၂၀၁၉ ခုနှစ်က ထိုင်းနိုင်ငံသို့ နိုင်ငံခြားခရီးသွား သန်း ၄၀ နီးပါးရောက်ရှိခဲ့သည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.