အိန္ဒိယနိုင်ငံ၌ ဆိုင်ကလုန်းမုန်တိုင်း ဘိုင်ပါဂျွိုင်း ဝင်ရောက်တိုက်ခတ်




ဇွန် ၁၆


အိန္ဒိယနိုင်ငံအနောက်ပိုင်း ကမ်းရိုးတန်းပြည်နယ် ဂူဂျာရတ်တွင် ယမန်နေ့ညနေပိုင်းက အားပြင်းသော ဆိုင်ကလုန်းမုန်တိုင်း ဘိုင်ပါဂျွိုင်း ဝင်ရောက်တိုက်ခတ်ခဲ့သည်။


အဆိုပါဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ ကျော်နှုန်းဖြင့် လေပြင်းများတိုက်ခတ်ခဲ့ရာ ကြော်ငြာဆိုင်းဘုတ်များ၊ လျှပ်စစ်မီးတိုင်များနှင့် သစ်ပင်များအမြစ်ကျွတ် ထွက်ခြင်းတို့ဖြစ်ပွားခဲ့သည်။


ထိုမုန်တိုင်းသည် နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံးဖြစ်သောဆိုင်ကလုန်းမုန်တိုင်းဖြစ်သည်ဟု သိရသည်။


မုန်တိုင်းဘေးကြိုတင်ကာကွယ်ရေးစီမံချက်အနေဖြင့် မုန်တိုင်းသင့်ဒေသများနှင့် ကမ်းရိုးတန်းဒေသများအနီးရှိ အဝေးပြေးလမ်းမကြီးများတွင် ဓါတ်အားလိုင်းများအား ယာယီပိတ်ထားသည်။


စာသင်ကျောင်းများနှင့် ပညာရေးတက္ကသိုလ်ကျောင်းများအားလုံးကိုလည်း ဇွန်လ ၁၆ ရက်အထိ ပိတ်ထားသည်။


အမျိုးသားသဘာဝဘေးဆိုင်ရာစစ်ဆေးရေးမှူးအကြီးအကဲ နာရန်ဒရာဆင်းဘန်ဒီလာက ရာဂျတ်စတန်တောင်ပိုင်းနှင့် ဂူဂျာရတ်ပြည်နယ် ကက်ချရှ်တွင် မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှုတို့နှင့်ပတ်သက်ပြီး သတိပေးပြောကြား ထားသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.