ပြည်ထောင်စုဝန်ကြီး ဦးကိုကို နှင့်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပမည့် (၁၈)ကြိမ်မြောက် တရုတ်-အာဆီယံ ယဉ်ကျေးမှုဖိုရမ်သို့ တက်ရောက်ရန် ရန်ကုန်မြို့မှ ထွက်ခွာ
နေပြည်တော် ဇွန် ၁၇
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို နှင့်အဖွဲ့ဝင်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ၂၀၂၃ ခုနှစ်၊ ဇွန် ၁၈ ရက်မှ ၂၂ ရက်ထိ ကျင်းပပြုလုပ်မည့် (၁၈)ကြိမ်မြောက် တရုတ်-အာဆီယံ ယဉ်ကျေးမှုဖိုရမ် (18th China- ASEAN Culture Forum)သို့ တက်ရောက်ရန် ယနေ့ နံနက် ၁၁နာရီ ၂၅ မိနစ်တွင် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိ သူများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီးနှင့် တာဝန်ရှိသူ များက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
သတင်းစဉ်
No comments