နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအတွက် အလှူငွေများပေးအပ်လှူဒါန်းပွဲသို့တက်ရောက်
နေပြည်တော် ဇွန် ၁၆
ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်း များနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် အလှူရှင်များလှူဒါန်းသည့် အလှူငွေများပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ လောကာနန္ဒာစေတီတော် လိုဏ်ဂူအတွင်း၌ ကျင်းပရာ ပြည်နယ် ဩဝါဒါစရိယ စစ်တွေမြို့ နန္ဒရာမ ပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တနန္ဒသီရိ အမှူးပြုသော သံဃာတော် အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ စေတနာရှင် အလှူရှင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူ များက နန္ဒရာမ ပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ရခိုင်ပြည်နယ် အတွင်း မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအတွက် အလှူတော် ငွေကျပ်သိန်း ၁၀၆၀ ကို ပေးအပ် လှူဒါန်းရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက လက်ခံရယူ သည်။
ယင်းနောက် မြို့နယ်ဩဝါဒါ စရိယ စစ်တွေမြို့ တပ်ဦးဆုတောင်း ပြည့်ပရိယတ္တိစာသင်တိုက် ပဓာန နာယက မဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ ဆရာတော်ဘဒ္ဒန္တ ဉာဏာဝံသ ထံမှ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အနုမောဒနာတရားနာယူခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို ဆုတောင်းကာ အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။
ယနေ့ လှူဒါန်းသည့် အလှူတော်ငွေကျပ်သိန်း ၁၀၆၀ ကို မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် မြို့နယ် ပေါင်းလောင်းလေးကျေးရွာ ရွာဦးကျောင်းဆရာတော် သဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ ဝိဇ္ဇောဘာသာလင်္ကာရာ ဘိဝံသက အလှူငွေကျပ်သိန်း ၂၀ ကိုလည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်မြို့မှ ဦးဝေချင်းဟိုင်မိသားစု Hanley Group က အလှူတော်ငွေကျပ် သိန်း ၁၀ဝ၀ ကို လည်းကောင်း၊ ဦးစည်သူဝင်းမိသားစု Guardian Academy Private School က အလှူတော် ငွေကျပ်သိန်း ၄၀ ကို လည်းကောင်း လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments