နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြားနှင့် ကျောက်ဖြူမြို့နယ်များရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များအား တွေ့ဆုံအမှာစကားပြောကြား၊ နယ်မြေခံတပ်ရင်းများအားလိုက်လံကြည့်ရှုစစ်ဆေး



နေပြည်တော်   ဇွန်   ၁၆


စစ်တွေမြို့၌ ရောက်ရှိနေသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ    စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ    ဒုတိယဝန်ကြီးချုပ်    ဒုတိယဗိုလ်ချုပ်မှူး ကြီးစိုးဝင်း သည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့တွင် မြောက်ဦး၊ မင်းပြားနှင့် ကျောက်ဖြူမြိုများသို့ သွားရောက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး  ခရိုင်/မြို့နယ် များမှ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊  ကူညီကယ် ဆယ်ရေးအဖွဲ့များနှင့်  ပရဟိတအဖွဲ့များအား အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမများတွင် သီးခြားစီတွေ့ဆုံအမှာစကား  ပြောကြား သည်။


 ဖြည့်ဆည်းဆောင်ရွက်ပေး

ဦးစွာ ခရိုင်/မြို့နယ်များရှိ စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ မြို့မိမြို့ဖများနှင့် ပြန်လည်ထူထောင်ရေး   လုပ်ငန်းများတွင် ကြီးကြပ်ရန် တာဝန်ပေးအပ်ထားသည့် တပ်မတော်အရာရှိကြီးများက    မုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ပြန်လည်ထူထောင်ရေး၊ တည်ဆောက်ရေးလုပ်ငန်းများ  ဆောင်ရွက်နေမှု အခြေအနေများကို   တင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များကို  ပေါင်းစပ်ညှိနှိုင်း    ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်၏  တာဝန်ပေးချက်အရ မိုခါမုန်တိုင်းအလွန် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင် ရွက်မှုအခြေအနေ၊ ဖြည့်ဆည်း ပေးရန်လိုအပ်မှုအခြေအနေတို့ကို သိရှိအောင် လာရောက်ခြင်းဖြစ်ကြောင်း၊  သဘာဝဘေးအန္တရာယ် သည်  မဖြစ်ပွားအောင် တားဆီး ခြင်းမပြုနိုင်သော်လည်း ကြိုတင်ပြင်ဆင်မှုများဖြင့် ထိခိုက်ဆုံးရှုံးမှုနည်းအောင် ကာကွယ်နိုင်ပါကြောင်း။


ရင်ဆိုင်ဖြတ်ကျော်ခဲ့

မိုခါမုန်တိုင်းသည်   တစ်နာရီ မိုင် ၁၂၀ နှုန်းပြင်းအားဖြင့် ကြီးမား ပြင်းထန်သည့်   ဆိုင်ကလုန်းမုန် တိုင်းဖြစ်သော်လည်း နိုင်ငံတော်၏   ကောင်းမွန်သော  ကြိုတင်ပြင်ဆင်မှုနှင့်    ပြည်သူတို့၏ ပူးပေါင်း ပါဝင်မှုတို့ဖြင့် ကောင်းမွန်စွာ ရင်ဆိုင်ဖြတ်ကျော်ခဲ့သည်ကိုတွေ့မြင်နိုင်ကြောင်း။


နိုင်ငံတော်၏ ဘတ်ဂျက်၊ နိုင်ငံတကာနှင့် ပြည်တွင်းအလှူရှင်တို့၏ အလှူငွေများဖြင့် ပထမဦးစား ပေးအနေဖြင့် ပြည်သူအားလုံး အမိုးအကာအောက်   လုံခြုံစွာရောက်ရှိ    နေထိုင်နိုင်ရန်စီမံခဲ့ကြောင်း၊ ဒုတိယ ဦးစားပေးအနေဖြင့်   မုန်တိုင်းမတိုင်မီ    ကြိုတင်ကြေညာထားသည့်  ဇွန် ၁ ရက်   ကျောင်းဖွင့်နိုင်ရေးအတွက်     အထက်တန်းကျောင်းများကို ဦးစားပေးပြင်ဆင်ခဲ့ပြီး သတ်မှတ်ရက်တွင် ကျောင်းသား  ကျောင်းသူများကို အမိုးအကာအောက်    လုံခြုံစွာဖြင့် ကျောင်းဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ပြင်ဆင်ဆဲကျောင်းများအတွက်လည်း  ယာယီအဆောက်အအုံများဖြင့်   အမိုးအကာအောက်တွင် သင်ကြားနိုင်ရေး ပြုလုပ်ပေးနိုင်ခဲ့ ကြောင်း။


တတိယ ဦးစားပေးအနေဖြင့် ကျန်းမာရေးကဏ္ဍတွင်   ဆေးရုံ/ဆေးခန်းများ ပြင်ဆင်ပေးခဲ့ခြင်း ဖြစ်ပြီး ယခုကာလတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပုံမှန်ပြန်လည်  ပြုလုပ်ပေးလျက်ရှိကြောင်း။


မြောက်ဦးမြို့သည်   သမိုင်းတန်ဖိုးအရ တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းမြို့တော် မြို့ဖြစ်၍  ပိုမို  အလေးထားဆောင်ရွက်ရန် လိုပြီး  ရှေးမူမပျက်ပြုပြင်မှုများ ဆောင်ရွက်ရန်လိုကြောင်း၊ အလား  တူ  ကမ္ဘာ့ယဉ်ကျေးမှုအဖြစ် အသိ အမှတ်ပြုသည့် UNSCO  မှတ်တမ်း ဝင်အောင် ဆက်လက်ဆောင်ရွက် ရန်လိုကြောင်း၊  ထိုသို့ဆောင်ရွက် ခြင်းဖြင့် ခရီးသွားလုပ်ငန်းအတွက် ပြည်တွင်း/ပြည်ပခရီးသွားများကို ဆွဲဆောင်ရာ နယ်မြေဖြစ်လာမည် ဖြစ်ပြီးတစ်ဖက်တွင်ဒေသ၏စီးပွား ရေးဖွံ့ဖြိုးမှု အခွင့်အလမ်းကောင်း များ ရရှိလာမည်ဖြစ်ကြောင်း။


မုန်တိုင်းကြောင့်    ထိခိုက်မှု ပြင်းထန်သောမြို့များ၌ ကုန်ထုတ် လုပ်ငန်းများနှင့်   ဝန်ဆောင်မှု လုပ်ငန်းများတွင်လည်း   ထိခိုက်မှုများ   ဖြစ်ပေါ်ခဲ့ရာထိခိုက်မှု မပြင်းထန်သော မြို့များအနေဖြင့်  မိမိဒေသ၏   အားသာချက်ကို အသုံးချ ၍ ကုန်ထုတ်မှုစွမ်းအားကို ပုံမှန်အခြေအနေထက်ပို၍   မြှင့်တင်       လုပ်ဆောင်ရန်လိုကြောင်း၊     ထိုသို့လုပ်ဆောင်ခြင်းဖြင့်  မုန်တိုင်းကြောင့်  စီးပွား ရေးကျဆင်မှုများ     ဖြစ်ပေါ်နေသည့်    မြို့နယ်များ၏ စားကုန်၊ သောက်ကုန်၊ လူသုံးကုန်နှင့် အထွေထွေပစ္စည်း လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည့်အပြင် မုန်တိုင်းဒဏ်ကြောင့်    ထိခိုက် ပျက်စီးမှုများပြားနေသည့် မြို့နယ်များ၏     ပျက်စီးဆုံးရှုံးခဲ့ရသည့်   ကုန်ထုတ်လုပ်ငန်းများ ပြန်လည် ထူထောင်ရေး   ကာလအတွင်း  ကျဆင်းခဲ့ရသည့်   မြို့နယ်အလိုက်  စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)ကိုလည်း တစ်ဖက်တစ်လမ်းမှ ကာမိစေမည် ဖြစ်ကြောင်း၊ ထို့အပြင် မိမိ ပြည်နယ်အတွင်းမှာပင်  အသား၊ ငါး၊  ဥ၊  ဟင်းသီးဟင်းရွက်နှင့် အခြားသော    အခြေခံစားကုန်၊ သောက်ကုန်၊  လူသုံးကုန်ပစ္စည်းတို့ကို ပြည်နယ်အတွင်းမှာပင် ဖြည့်ဆည်း ပေးနိုင်ခြင်းဖြင့် အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝယ်ယူပို့ဆောင်စရိတ် မြင့်မားစွာ ပေးချေ၍ ကုန်ပစ္စည်းများ မှာယူရခြင်းမှ လျော့နည်းခြင်းဖြင့်လည်း ဒေသအတွင်းကုန်ဈေးနှုန်း ကြီးမြင့်မှုကို     အတတ်နိုင်ဆုံး တားဆီးနိုင်မည်ဖြစ်ပါကြောင်း။


လုပ်ငန်းတိုးချဲ့ ဆောင်ရွက်နိုင် ရန် နိုင်ငံတော်အနေဖြင့် သတ်မှတ်စည်းမျဉ်းများနှင့်အညီ   မတည် ရင်းနှီးငွေကာလ၊  လုပ်ငန်းတိုးချဲ့ကာလနှင့် ဆောင်ရွက်ဆဲလုပ်ငန်း ကာလအလိုက် သတ်မှတ်အတိုး နှုန်းဖြင့် ချေးငွေရရှိရေး နည်းလမ်းနှင့်   အခွင့်အလမ်းများကိုလည်း MSME ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီက လမ်းညွှန်ပေးထားပြီးဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း GDP တိုးတက်မှသာလျှင် တစ်ဦး ချင်း ဝင်ငွေလည်း တိုးမြင့်လာမည် ဖြစ်ကြောင်း၊  တစ်ဦးချင်းဝင်ငွေ တိုးတက်လာမှလည်း ဝယ်လိုအား များ မြင့်မားလာပြီး ဝယ်လိုအား မြင့်မားမှလည်း ထုတ်လုပ်မှုစွမ်း အားနှင့် ကုန်ကြမ်းရရှိရေးကာလ များလည်း ကွင်းဆက်အကျိုးတရား များဖြင့် ပြည်နယ်၏ စီးပွားရေး ကဏ္ဍမှာလည်း တိုးတက်လာမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပြန်လည် ထူထောင်ရေးကာလအတွင်း ဒေသ၏  အဓိကစီးပွားရေးလုပ်ငန်းများ ဖြစ်သော  သား၊  ငါး၊ လယ်ယာ လုပ်ငန်းများနှင့် မွေးမြူရေးကဏ္ဍများကိုလည်း အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရန်လိုကြောင်း။


ထောက်ပံ့ပေးအပ်

ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင်    ညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီး ကြောင်း၊ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဟူသော စကားနှင့်အညီ တာဝန်ရှိသော ဌာနဆိုင်ရာများ၊ ပရဟိတအသင်းအဖွဲ့များ၊  ဒေသခံပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် စစ်တွေမြို့ အပါအဝင် မုန်တိုင်းထိခိုက်သောမြို့နယ်များတွင် တစ်လအတွင်း  မြင်သာထင်သာသည့် တိုးတက်မှုများ တွေ့ရှိရပါကြောင်း၊ စည်းလုံးညီညွတ်မှုဖြင့် သဘာဝဘေးအန္တရာယ်သာမက မည်သည့်     ဘေးအန္တရာယ်မဆို ရင်ဆိုင်ဖြတ်ကျော်နိုင်ကြောင်း၊ သို့ဖြစ်၍ “စည်းလုံးညီညာအောင် ကြောင်းဖြာ” ဆိုသည့် စကားနှင့်အညီ မုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အစိုးရ၊    ပရဟိတ အဖွဲ့များနှင့် ပြည်သူလူထုအားလုံးပူးပေါင်း၍ အရှိန်အဟုန်ဖြင့်   ဆက်လက်ဆောင်ရွက်သွားရန်    လိုကြောင်း အသေးစိတ် ဆွေးနွေးရှင်းလင်းပြောကြားပြီး ဌာနဆိုင်ရာ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များအား  စားသောက်ဖွယ်ရာများ    ထောက်ပံ့ပေးအပ်သည်။


ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ ဝင်များသည်  မြောက်ဦး၊ မင်းပြား၊ နှင့် ကျောက်ဖြူမြို့တို့ရှိ ဘုန်းတော် ကြီးကျောင်းများသို့ သွားရောက်၍ ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး ဆွမ်းဆန်တော်နှင့်   လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြောက်ဦး၊ မင်းပြားနှင့် ကျောက်ဖြူမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၌ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများ   ဖြစ်ပေါ်ခဲ့သည့် အဆောက်အအုံများ  ပြန်လည် ပြင်ဆင်နေမှု အခြေအနေများနှင့် ဆေးရုံ တက်ရောက် ကုသမှုခံယူလျက်ရှိသည့် သံဃာတော်များနှင့် ဒေသခံပြည်သူများအား လိုက်လံကြည့်ရှု အားပေးစကား ပြောကြား ကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။


အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်  ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မင်းပြားမြို့ရှိ     အခြေခံပညာ အထက်တန်း     ကျောင်းတွင် ကျောင်းသား    ကျောင်းသူများ တက်ရောက် ပညာသင်ကြားနေမှု များကို လိုက်လံကြည့်ရှုအားပေး ပြီး  ဆရာ ဆရာမများနှင့် တွေ့ဆုံ ဆွေးနွေးကာ    တင်ပြချက်များ အပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ကြည့်ရှုစစ်ဆေး

ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်သည်   မြောက်ဦး၊ မင်းပြားမြို့၊ ကမ်းနီ၊ စစ်တောနှင့် ကျောက်ဖြူမြို့တို့ရှိ  နယ်မြေခံ တပ်ရင်း များ၊ ရဲတပ်ရင်းများအား လိုက်လံ    ကြည့်ရှုစစ်ဆေးပြီး တပ်မတော်သား အရာရှိ၊ စစ်သည်၊ မိသားစုများ၊  ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများအား  တွေ့ဆုံအားပေး စကားပြောကြားပြီး  ၎င်းတို့၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးကာ  စားသောက်ဖွယ်ရာ များနှင့် ရာသီသီးနှံမျိုးစေ့ထုပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများ  ပေးအပ်ခဲ့ကြောင်း သိရသည်။  

သတင်းစဉ်


No comments

Powered by Blogger.