နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ရုံး၊ ဌာနအသီးသီးမှ အရာရှိငယ်များအား တွေ့ဆုံအမှာစကား ပြောကြား



နေပြည်တော်     ဇွန်     ၁၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရုံး၊ ဌာနအသီးသီးတွင်  တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိငယ်များအား တွေ့ဆုံအမှာစကား ပြောကြားသည်။


တာဝန်ထမ်းဆောင်လျက်ရှိ

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ    ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရုံး၊  ဌာနအသီးသီးတွင်  တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိငယ်များ တက်ရောက်ကြသည်။


တပ်မတော်နှင့် အမျိုးသားနိုင်ငံရေး

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရုံး၊ ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိငယ်များအား တပ်မတော်နှင့် အမျိုးသားနိုင်ငံရေး၊ နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု၊ တစ်ဦးချင်းတာဝန်ထမ်းဆောင်မှု     စသည်တို့နှင့် ပတ်သက်၍   မှန်မှန်ကန်ကန်သိရှိနားလည်ရန်နှင့် အခြားလိုအပ်သည်များကို မှာကြားနိုင်ရန် ယခုကဲ့သို့ တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ မည်သည့်နိုင်ငံတွင်ဖြစ်စေ နိုင်ငံတော်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်မှာ    နိုင်ငံသား တိုင်း၏ တာဝန်ပင်ဖြစ်ကြောင်း၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အခြေအနေများတူညီမှုမရှိကြဘဲ နယ်ချဲ့နိုင်ငံများ၊ ကိုလိုနီပြုခြင်း ခံခဲ့ရသည့်နိုင်ငံ များနှင့် ကိုလိုနီပြုခြင်းမခံခဲ့ရသည့် နိုင်ငံများ စသည်ဖြင့် အမျိုးမျိုးရှိကြောင်း၊ နိုင်ငံ၏ယဉ်ကျေးမှုစရိုက် လက္ခဏာ၊   အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်မပျက်အောင် ထိန်းသိမ်းဆောင်ရွက်ခြင်းသည် အမျိုးသား နိုင်ငံရေးပင်ဖြစ်ကြောင်း၊ နိုင်ငံ၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုး စီးပွားနှင့်  အမျိုးသားနိုင်ငံရေးမှာ  သမိုင်းနှင့်ချီ၍ ဖြစ်ပေါ်လာခဲ့သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဟူသည့် တို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်းဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း။


မိမိတို့နိုင်ငံတွင် မှီတင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးခန့်ရှိပြီး ဒေသအလိုက်၊ လူမျိုးအလိုက်  ကွဲပြားခြားနားမှုများရှိကြကြောင်း၊ သွင်ပြင်လက္ခဏာ၊ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာများ တူညီမှုမရှိကြဘဲ တောင်တန်း ဒေသနှင့် ပြည်မဒေသတို့သည်   ရာသီဥတု၊   မြေအနေအထား၊  လမ်းပန်း ဆက်သွယ်မှု၊ ပညာရေးနှင့် ကူးလူး ဆက်ဆံမှုများ ကွာခြားမှုရှိသဖြင့် တစ်ပြေးညီတိုးတက်ခြင်းမရှိသည်ကို  တွေ့ရှိရမည်ဖြစ်ကြောင်း၊  ယခင်ဘုရင်စနစ် ကျင့်သုံးခဲ့စဉ်က ဘုရင်များ၏ ဩဇာသက်ရောက်မှု အပေါ်မူတည်၍ကွာခြားမှုရှိခဲ့ကြောင်း၊ ကိုလိုနီပြု ခြင်းခံခဲ့ရချိန် တွင်လည်း ပြည်မတွင်ရှိသည့် တိုင်းရင်းသားများနှင့် တောင်တန်းဒေသရှိ တိုင်းရင်းသားများ ကွဲပြားခြားနားမှုရှိ အောင်နယ်ချဲ့တို့က ဆောင်ရွက်ခဲ့ကြောင်း၊  မိမိတို့နိုင်ငံသည် အင်္ဂလိပ်-မြန်မာစစ်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီးနောက် ကိုလိုနီ လက်အောက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအောက်ပိုင်း ဒေသများသည်    ကိုလိုနီလက်အောက်တွင်    ပိုမို ကြာရှည်စွာနေခဲ့ကြရကြောင်း၊   ပထမအင်္ဂလိပ်- မြန်မာစစ်ပွဲပြီးနောက် ၎င်းဒေသများသည် အင်္ဂလိပ် အုပ်ချုပ်မှုပုံစံကို ကျင့်သုံးခဲ့ကြပြီး ထိုအချိန်၌ မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင်     ဘုရင်စနစ်ကို ကျင့်သုံးနေဆဲဖြစ်ကြောင်း၊  အုပ်ချုပ်မှု ပုံစံကွဲပြား ခြားနားမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ကိုလိုနီလက်အောက်သို့ ကျရောက်ချိန်တွင် ၎င်းတို့၏ တောင်တန်း-ပြည်မ သွေးခွဲအုပ်ချုပ်ခဲ့မှုကြောင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို   ထိခိုက်စေခဲ့ကြောင်း၊   ကိုလိုနီ လက်အောက်မှ ရုန်းထွက်ချိန်တွင် ပညာတတ်များ နည်းပါးခြင်းနှင့်   စုစည်းညီညွတ်သည့်  အားများ နည်းပါးမှုများရှိခဲ့၍   လွတ်လပ်ရေးကို  ခက်ခဲစွာ ကြိုးပမ်းရယူခဲ့ရကြောင်း။


တပ်မတော်သားများသည် အမျိုးသားအကျိုး စီးပွားကို ကာကွယ်စောင့်ရှောက်နေသူများ၊ အမျိုး သားနိုင်ငံရေးတာဝန် ထမ်းဆောင်နေသူများဖြစ်သည့်အတွက်   ခေတ်အဆက်ဆက်   နိုင်ငံ၏သမိုင်းကို မှန်မှန်ကန်ကန်သိရှိရန် လိုအပ်ကြောင်း၊ အမျိုးသား နိုင်ငံရေးနှင့် အမျိုးသားအကျိုးစီးပွားကို ဆောင်ရွက် ရာတွင်  နိုင်ငံ၏သမိုင်းကြောင်းကို  မှန်မှန်ကန်ကန် သိရှိထားမှသာ မိမိတို့၏ အမျိုးသားနိုင်ငံရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ၏သမိုင်းကြောင်းမှ သင်ခန်းစာများကို ဖော်ထုတ်ပြီး နိုင်ငံ့အကျိုးအတွက် ဆောင်ရွက် ရန်လိုကြောင်း။


မိမိတို့နိုင်ငံ၏   ပထဝီဝင်အနေအထားအရ အရေးပါပုံနှင့် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းများကို လည်း   အမြဲမပြတ်   သိရှိနားလည်နေရန်လည်းလို ကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ ကိုလည်းသိရှိနေရမည်ဖြစ်ပြီး ဆက်လက်၍လည်း မျက်ခြည်မပြတ် လေ့လာသွားရန်လိုကြောင်း။


နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု

မိမိနိုင်ငံ၏ နိုင်ငံရေးသမိုင်းကြောင်းကို မှန်မှန် ကန်ကန်သိရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ သမိုင်း ကြောင်းကို လေ့လာကြည့်မည်ဆိုပါက ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီး ကာလတွင် ပါလီမန်ဒီမိုကရေစီ စနစ်ကို ကျင့်သုံးခဲ့ကြောင်း၊  လွတ်လပ်ရေးကြိုးပမ်း ခဲ့စဉ်ကတည်းက    လွတ်လပ်ရေးသည်    ပထမ၊ ဒီမိုကရေစီရေးသည် ဒုတိယ၊ ဆိုရှယ်လစ်ရေး သည် တတိယဟူ၍    ကြွေးကြော်ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးရပြီးနောက် ၁၉၄၇  ခုနှစ်တွင်  တိုင်းပြု ပြည်ပြုလွှတ်တော်က အတည်ပြုရေးဆွဲခဲ့သည့်  ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ(၁၉၄၇ ခုနှစ်)ကို ကျင့်သုံးခဲ့ကြောင်း၊ မိမိတို့ တိုင်းပြည်သည် ကိုလိုနီဖြစ်ခဲ့ရသဖြင့် လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း မြန်မာ့လွတ်လပ် ရေးခေါင်းဆောင်  အများစုတွင်  နိုင်ငံရေးအယူအဆကွဲပြားမှုများရှိခဲ့ ကြောင်း၊ နိုင်ငံတော်၌ ဆိုရှယ်လစ်စနစ်ကျင့်သုံးနိုင် ရေးအတွက် တော်လှန်ရေးကောင်စီ၏ မူဝါဒသဘော ထားကြေညာချက်တွင် စတင်ဖော်ထုတ်လာသည်ကို သမိုင်းမှတ်တမ်းများ၌ တွေ့ရကြောင်း၊ ထိုသို့ဆောင်ရွက်ရခြင်းမှာလည်း   နိုင်ငံရေးအရအခက်အခဲနှင့် သမိုင်းကြောင်း များအပြင် စီးပွားရေးအရအခက်အခဲ နှင့် သမိုင်းကြောင်းများကြောင့် ဖြစ်ကြောင်း။

ထိုသို့ အခက်အခဲ၊ အကျပ်အတည်းများ ဖြစ်ပေါ်နေမှုကို တပ်မတော် ခေါင်းဆောင်များက သတိထား တွေ့မြင်ခဲ့ပြီး တိုင်းပြည်၏ အနာဂတ်အရေးအတွက် မြော်တွေး     ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း၊ ထို့နောက် ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးခဲ့ပြီး နိုင်ငံတော် ၏စီးပွားရေးအခန်းကဏ္ဍကို ပြည်သူတို့လက်ဝယ်တွင် ရှိစေရေးအတွက် ဆောင်ရွက်ခဲ့ရ သည်များရှိကြောင်း၊ ဆိုရှယ်လစ်စနစ်၏ အားနည်းချက်၊    စီမံခန့်ခွဲမှု အားနည်းချက်တို့ကြောင့် စီးပွားရေးကျဆင်းခဲ့ကာ  ၁၉၈၈ ခုနှစ် အရေးအခင်း   ဖြစ်ပေါ်လာခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်ပွားခဲ့ရခြင်းသည် နိုင်ငံ ရေးပဋိပက္ခ များထက် စီးပွားရေးကျဆင်းခဲ့ရမှုများ ကြောင့်  အခြေခံပြီးဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရတက်လာ ခဲ့ပြီး ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီ စနစ် လျှောက်လှမ်းနိုင်ရေးအတွက် ဦးတည်ဆောင် ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရေး မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်ရေးတပ်မတော်မှ  ဦးဆောင်၍  ဆောင်ရွက်ခဲ့ရကြောင်း၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်းသို့ သွားနိုင်ရေး အတွက်  ဈေးကွက်စီးပွားရေးစနစ်ကို ပုံဖော်ရာတွင်  ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကို မြေတောင်မြှောက်ပေး ခဲ့ရကြောင်း၊    တပ်မတော်အနေဖြင့်   ပြည်သူလူထုလိုလားသော    စစ်မှန် စည်းကမ်းပြည့်ဝသည့်    ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်သို့  ရောက်ရှိအောင်  ဖော်ဆောင်ပေးခဲ့ကြောင်း။


၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ပထမအကြိမ် ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့်ပါတီမှ ဒီမိုကရေစီ အစိုးရတစ်ရပ် တက်လာခဲ့ပြီး တပ်မတော်အနေဖြင့် လက်တွဲညီညီ ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်   အထွေထ ွေရွေးကောက်ပွဲတွင်   အနိုင်ရရှိပြီး တက်လာသည့် ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်း တွင် တပ်မတော်အနေဖြင့် ဖြတ်သန်းတွေ့ကြုံခဲ့ရသည့် နိုင်ငံရေးအတွေ့အကြုံများအရ ဖြစ်သင့်ဖြစ် ထိုက်သည်များ၊   လုပ်သင့်လုပ်ထိုက် သည်များကို အကြံဉာဏ်ပေးခြင်း၊  ကူညီပေးခြင်းများ ဆောင်ရွက်ခဲ့သော်လည်း ထိရောက်မှုအားနည်းသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်ခဲ့ချိန် တွင်လည်း အုပ်ချုပ်သူအစိုးရအဖွဲ့အနေဖြင့် အကျပ် အတည်းများစွာ   ဖြစ်ပေါ်ခဲ့သဖြင့်   တပ်မတော်မှ ကူညီဖြေရှင်းပေးခဲ့ရကြောင်း၊   ထို့နောက် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့်ပတ်သက်၍ လွတ်လပ်၍ တရားမျှတသည့်ရွေးကောက်ပွဲဖြစ်ရန် လိုအပ်သည် ဟု အကြိမ်ကြိမ်ပြောကြားခဲ့သော်လည်း ရွေးကောက် ပွဲတွင် မရိုးသားသည့်နည်းလမ်းများဖြင့် အနိုင်ရရှိရေး ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မဲစာရင်း ကွဲလွဲမှုများကို      ဖြေရှင်းဆောင်ရွက်ပေးရန် တပ်မတော်မှ ပြောကြားခဲ့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် အတည်ပြု နိုင်ခြင်းမရှိသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်အာဏာကို အဓမ္မရယူရန် လုပ်ဆောင် လာခဲ့သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တပ်မတော်မှ နိုင်ငံတော်၏တာဝန်များကို ဝင်ရောက် ထိန်းသိမ်းဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊  ထိုသို့ ဆောင်ရွက်ခဲ့ခြင်းသည် နိုင်ငံတော်မှလျှောက်လှမ်း နေသည့်၊   ပြည်သူ လူထုမှ   လိုလားသည့်   ပါတီစုံ ဒီမိုကရေစီလမ်းကြောင်း     ခိုင်မာရေးအတွက်သာ ဖြစ်ပြီး မိမိတို့အနေဖြင့် အဆိုပါလမ်းကြောင်းပေါ်မှ သွေဖည်အောင်  ဆောင်ရွက်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် တိုင်းပြည်တည်ငြိမ်ရေးကို ဆောင်ရွက်ရာ တွင်    ဥပဒေနှင့်အညီသာ    ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ      နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်သည်ကို သိရှိရန်လိုကြောင်း။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊   ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်  ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးရည်မှန်းချက်အဖြစ် ဦးတည်ဆောင်ရွက် လျက်ရှိကြောင်း၊ ထို့ပြင် အမျိုးသားရေးလုပ်ငန်းစဉ် နှစ်ခုအဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေ ရိက္ခာဖူလုံရေးကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်ကို အခက်အခဲ၊ အကျပ် အတည်းများကြားမှ ဘက်ပေါင်းစုံဖွံ့ဖြိုး တိုးတက်လာအောင်   ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် နောက်ဆုံးအချက်ဖြစ်သည့် “အရေး ပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတ သော ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲအား  ပြန်လည် ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်း များနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဟူသည့် အချက်အား   မဖြစ်မနေအကောင်အထည်ဖော်ဆောင်ပေး သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။


တစ်ဦးချင်းတာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်၍   တပ်မတော်သားတိုင်းသည်   မည်သူတစ်ဦး တစ်ယောက်၏     တိုက်တွန်းချက်မျှမပါရှိဘဲ တပ်မတော်အတွင်းသို့ ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ကြောင်း၊ မိမိတို့၏ မျှော်မှန်းချက်များ မထိခိုက်အောင်     နေထိုင်ဆောင်ရွက်ကြရန်နှင့် ရည်မှန်းချက်များ မပျောက်ပျက်အောင် ထိန်းသိမ်း ဆောင်ရွက်၍ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက် သွားကြရန်လိုကြောင်း၊ လူတိုင်းသည် ဘဝတိုးတက် မှုကို   လိုလားကြပြီး  တိုးတက်မှုများ  ဖြစ်ပေါ်ရေး အတွက်    အဓိကလိုအပ်ချက်သည်   အသိပညာ၊ အတတ်ပညာများကို အမြဲမပြတ်လေ့လာအားထုတ် ကြိုးစားလုပ်ဆောင်ခြင်းပင်ဖြစ်ကြောင်း၊ မိမိဘဝအတွက် အကျိုးဖြစ်စေမည့် စာပေဗဟုသုတ၊ ဘာသာ စကားနှင့် နည်းပညာပိုင်းဆိုင်ရာများကို လေ့လာသင်ယူနေရမည်ဖြစ်ကြောင်း၊  ထို့ပြင်  သင့်တင့် လျောက်ပတ်သည့် ကိုယ်ခန္ဓာသွင်ပြင်နှင့် ကျန်းမာ ကြံ့ခိုင်မှုရှိစေရေးအတွက်လည်း ညီညွတ်မျှတသည့် နေထိုင်  စားသောက်မှုပုံစံနှင့်  ကိုယ်လက်လှုပ်ရှား မှုရှိရမည်ဖြစ်ကြောင်း။ 


မိမိတို့ကို   ပေးအပ်လာသည့်  တာဝန်များကို ထမ်းဆောင်ရာ၌  မိမိကိုယ်ကို  သစ္စာရှိရမည်၊ မိမိ အလုပ်ကို သစ္စာရှိရမည်၊ မိမိ မိသားစုကို သစ္စာရှိရမည်၊ နိုင်ငံတော်အပေါ်  သစ္စာရှိရမည်ဖြစ်ကြောင်း၊  မိမိ ကိုယ်ကို၊ မိမိတပ်မတော်အပေါ်၊ မိမိနိုင်ငံတော်အပေါ် ယုံကြည်ချက်၊ ခံယူချက် မြင့်မားရမည်ဖြစ်ကြောင်း၊ လူတိုင်းသည်     မိမိတို့ဘဝတိုးတက်ရေးအတွက် ရည်မှန်းချက်များရှိကြကြောင်း၊ ရည်မှန်းချက်များ ဖြစ်မြောက်အောင်မြင်စေရေး ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ မိမိတို့တစ်ဦးတစ်ယောက် ချင်းစီ၏ ရည်မှန်းချက်တာဝန်များကို ဆောင်ရွက် ရာတွင် အသိတရား၊ သတိတရားဖြင့် ထိန်းသိမ်း၍ ဆောင်ရွက်ကြမည်ဆိုပါက မိမိတို့၏ လုပ်ငန်းဆောင် ရွက်မှုများကို အောင်မြင်နိုင်မည်ဖြစ်ကြောင်း မှာကြား ခဲ့ကြောင်း သိရသည်။  

သတင်းစဉ်

No comments

Powered by Blogger.