(၂၆)ကြိမ်မြောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ တက်ရောက်



နေပြည်တော် ဇွန် ၁၆


မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုဘဏ်ဥက္ကဋ္ဌ Ms ELVIRA Nabiullina တို့သည် ၂၆ ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ်သို့ တက်ရောက်စဉ်အတွင်း ဇွန် ၁၅ ရက်က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဗဟိုဘဏ်နှစ်ခုအကြား Capacity Building ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ Local Currency အသုံးပြုပြီး  ငွေရေးကြေးရေး ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများကို အထောက်အကူပြုစေမည့် ကိစ္စရပ်များအတွက် နှစ်ဖက်နိုင်ငံရှိ ကူးသန်းရောင်း ဝယ်ရေးဘဏ်များ၌ အဆက်အသွယ်ဘဏ်များထူထောင်ပြီး နှစ်ဖက်နိုင်ငံရှိ ငွေပေးချေမှုကတ်များ ချိတ်ဆက်၍ အပြန်အလှန်ငွေပေးချေမှု ဆောင်ရွက်နိုင်ရေးနှင့် နှစ်နိုင်ငံ ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့အတွက် ဆွေးနွေးခဲ့သည်။


မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌသည် ၂၆ ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ် အတွင်း "Russia – Asia. Is the World Going Digital?" ခေါင်းစဉ်ဖြင့် ငွေပေးချေမှုကဏ္ဍတွင် မြန်မာနိုင်ငံ ၏ ဒစ်ဂျစ်တယ်ငွေပေးချေမှု ဖြစ်ပေါ်တိုးတက်လာမှု အခြေအနေများ၊ QR Code ငွေပေးချေမှုဆိုင်ရာ ဆောင်ရွက်နေမှုများ၊ Cross-Border Payment တွင် ဒစ်ဂျစ်တယ် Payment များ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လိုအပ်ချက်များ၊ လက်ရှိဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့သည်။


မြန်မာနိုင်ငံမှ Myanmar Payment Union (MPU) နှင့် Russia နိုင်ငံမှ National Payment Card System (NSPK)  တို့အကြား Memorandum of Understanding နားလည်မှုစာချွန်လွှာကို ၂၀၂၃ ခု ဖေ‌ဖော်ဝါရီ ၁၇ ရက်တွင် ရေးထိုးခဲ့ကြပြီး MPU-NSPK Project အတွက် ၂၆ ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ် တက်ရောက်စဉ်အတွင်း Payment Systems Interaction Agreement ကို Myanmar Payment Union (MPU) မှ အမှုဆောင်အရာရှိချုပ် ဦးမင်းဝင့်ဦးနှင့် National Payment Card System (NSPK)  မှ Chairman of the Management Board ၊ Chief Executive Officer Vladimir Komlev တို့ ဇွန် ၁၅  ရက်တွင် လက်မှတ်ရေးထိုးသဘောတူ စာချုပ်ချုပ်ဆိုခဲ့သည်။


စာချုပ်ချုပ်ဆိုပွဲသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌတို့ တက်ရောက်ခဲ့သည်။

 

အဆိုပါ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ပြည်ပခရီးသွားကဏ္ဍအတွက် ဒစ်ဂျစ်တယ်ငွေပေးချေမှု များကို ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန် ခြေလှမ်းတစ်ရပ်ဖြစ်ပြီး၊ ရုရှားနိုင်ငံမှ ခရီးသွားများအား မြန်မာနိုင်ငံ တွင် ၎င်းတို့၏ ကတ်များသုံးစွဲနိုင်ရေးအတွက် ၂၀၂၃ ခုနှစ်မကုန်မီ ဆောင်ရွက်နိုင်ရန် လျာထားကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.