လူမှုဖူလုံရေးအဖွဲ့ပိုင် ရွေ့လျားဆေးကုသယာဉ် MMU ဖြင့် ဆိုင်ကလုံးမုန်တိုင်း မိုခါကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ရသည့် စစ်တွေမြို့ နှင့် ပတ်ဝန်းကျင်ဒေသရှိ ပြည်သူများနှင့် အာမခံအလုပ်သမားများကို ကွင်းဆင်းဆေးကုသ




စစ်တွေ ဇွန် ၃


ဆိုင်ကလုံးမုန်တိုင်း(မိုခါ)ကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ရသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် ပတ်ဝန်းကျင်ဒေသမှ ပြည်သူများနှင့် အာမခံအလုပ်သမားများကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အညီ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူ လုံရေးအဖွဲ့မှ  ဆေးဘက်ဆိုင်ရာဝန်ထမ်းများပါဝင်သော ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit-MMU) (၁) စီးဖြင့် ယနေ့မှစတင်၍ သတ်မှတ်စုရပ်နေရာများအလိုက် လှည့်လည်ကာကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။


ယနေ့တွင်  အတုလမာရဇိန်ဘုရားကြီး၌ ယာယီဆေးခန်းဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်လျက်ရှိသည်။


အဆိုပါ ရွေ့လျားဆေးကုသယာဉ်ဖြင့် လူမှုဖူလုံရေးအဖွဲ့မှ ဆေးဘက်ဆိုင်ရာ ဝန်ထမ်း များသည် စစ်တွေမြို့နှင့် ပတ်ဝန်းကျင်ဒေသများရှိပြည်သူများနှင့် အာမခံအလုပ် သမားများကို  မုန်တိုင်းနောက်ဆက်တွဲကြောင့် ဖြစ်ပေါ်နိုင်သော ဝမ်းပျက်၊ ဝမ်းလျှော ခြင်းအပါအဝင် ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာစေး၊ချောင်းဆိုးခြင်းစသည့်ရောဂါများကို ကုသပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းကုသပေးခြင်း၊ သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်ပြီးနောက် ကြုံတွေ့ရနိုင်သည့် နောက်ဆက်တွဲရောဂါနှင့် ကျန်းမာရေး ပြဿနာများကို ကြိုတင်ကာကွယ်ကုသပေးနိုင်ရေးနှင့် ကျန်းမာရေး အသိ ပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.