ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
နေပြည်တော်ဇူလိုင် ၅
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ ဒက္ခိဏသီရိခရိုင် နေပြည်တော် ဟိုတယ်ဇုန်အတွင်းရှိ နေပြည်တော် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းရုံးနေရာ၌ ကျင်းပသည်။
ဦးစွာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် က သတ်မှတ်နေရာတွင် ရေတမာပင်ကို ဦးဆောင် စိုက်ပျိုးပေးပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ၊ နေပြည်တော် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက သတ်မှတ်နေရာများ၌ အာသောက၊ ထိုင်ဝမ် ဗန်ဒါ၊ ခရေ၊ ကံ့ကော်၊ ကျွန်း၊ စိန်ပန်းပင်များကို စိုက်ပျိုးပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျိုးပင်များ စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှု အားပေးသည်။
ယခု စိုက်ပျိုးပွဲတွင် ရေတမာ၊ အာသောက၊ ထိုင်ဝမ် ဗန်ဒါ၊ ခရေ၊ ကံ့ကော်၊ ကျွန်း၊ စိန်ပန်းပင်စသော အရိပ်ရလေကာပင်၊ ပန်းအလှပင်စသည့် စုစုပေါင်းပျိုးပင် (၅၀၀) စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)
No comments