မိုင်းဆတ်မြို့အကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူများအား အထူးလျှော့ရက် ခံစားခွင့်ပြုနိုင်ရန် စစ်ဆေး
မိုင်းဆတ် ဇူလိုင် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား အကျဉ်းသူ များအား (ဧပြီ၊ မေ၊ ဇွန်) ပထမ သုံးလပတ်အတွက် အထူးလျှော့ရက် ခံစားခွင့်ပြုနိုင်ရန် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဇူလိုင် ၄ ရက် နံနက်ပိုင်းက သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ဒုတိယ ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်တို့က မိုင်းဆတ်မြို့ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား အကျဉ်းသူများအနက် အကျဉ်းဦးစီးဌာန၏ စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်သူ “က”အဆင့် ၇၃ ဦး၊ “ခ” အဆင့် ၂၇ ဦး၊ “ဂ”အဆင့် ခုနစ်ဦး စုစုပေါင်းအကျဉ်းသား အကျဉ်းသူ ၁၀၇ ဦးတို့အား အထူးလျှော့ရက် ခံစားခွင့်ပြုခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
No comments