နတ်မောက်မြို့နယ် ကျေးရွာများ၌ ချည်မျှင်ရှည်ဝါများ စတင်စိုက်ပျိုး

နတ်မောက် ဇူလိုင် ၄


မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ချည်မျှင်ရှည်ဝါများကို စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း သိရသည်။


နတ်မောက်မြို့နယ် တောင်သူများသည် ယခင်က ဝါဆိုလပြည့်ကျော်ရက်များတွင်သာ ချည်မျှင်ရှည်ဝါစိုက်ပျိုးလေ့ရှိပြီး ယခုအခါ ဇွန်လတွင် စတင်စိုက်ပျိုးလာကြကြောင်း၊ ချည်မျှင်ရှည်ဝါ စိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်သွယ်၍ ရွှေတောင် - ၈၊ ရွှေတောင်-၁၀ ဝါမျိုးစေ့များကို စိုက်ပျိုးကြကြောင်း၊ ရွှေတောင်-၈၊ ရွှေတောင်-၁၀ ဝါမျိုးများသည် အပင်ပေါက်နှုန်း ကောင်းမွန်သည်ဟု တောင်သူများက အသိအမှတ်ပြုကြပြီး ပြင်ပ၌ ဝါမျိုးစေ့အလွတ်များ၊ အထုပ်နှင့် ထုပ်ပိုးရောင်းချသည့် ဝါမျိုးစေ့များသည် အပင်ပေါက်ရောက်မှု အားနည်းသည်ဟု ဒေသခံတောင်သူများက ပြောပြသည်။


နတ်မောက်မြို့နယ်တွင် ၂၀၂၃ စိုက်ပျိုးရာသီ၌ ဝါဧက ၂၁၈၂၃ ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး လေးကွက်တန်းကျော်စနစ်ဖြင့် အခြောက်(မိုးကြို)အဖြစ် စိုက်ပျိုးနေကြခြင်းဖြစ်ကြောင်း၊ မိုးရွာသွန်းမှုရှိလာပါက နှမ်းမစိုက်နိုင်သော မြေများနှင့် ဝါစိုက်ပျိုးရန် ထယ်ရေး ပြုပြင်ထားသည့် မြေများတွင် ဆက်လက်စိုက်ပျိုးကြမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


မူမူစန်း(ပြန်/ဆက်)






No comments

Powered by Blogger.