ဟိုင်းကြီးကျွန်းမြို့၌ ကျွဲနွားလည်ချောင်းကွဲရောဂါနှင့် ပေါင်ပုပ်၊ လက်ပုပ်ရောဂါမဖြစ်ပွားစေရေး ကာကွယ်ဆေးထိုး

 


ဟိုင်းကြီးကျွန်း ဇူလိုင် ၄


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၌ ကျွဲနွားလည်ချောင်းကွဲရောဂါနှင့် ပေါင်ပုပ်၊ လက်ပုပ်ရောဂါ မဖြစ်ပွားစေရေး ကာကွယ်ဆေးထိုးနှံခြင်းကို ဇူလိုင် ၄ ရက် နံနက်ပိုင်းက သဲကုန်းကြီးကျေးရွာအုပ်စု၊ လူပုကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် ဟိုင်းကြီးကျွန်းမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ကြီးကြပ်ရေးမှူး ဦးထက်မျိုးဝေက ကျွဲ၊နွားများတွင် ကျရောက်တတ်သောရောဂါများ၊ ကျွဲ၊နွားလည်ချောင်းကွဲရောဂါနှင့် ပေါင်ပုပ်၊ လက်ပုပ်ရောဂါလက္ခဏာများအား ကြိုတင်ကာကွယ်ကြရမည့်အချက်များကို ရှင်းလင်းပြောကြားပြီး လူပုကျေးရွာရှိ ကျွဲ၊နွားများအား လည်ချောင်းကွဲရောဂါနှင့် ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်ဆေးများ အခမဲ့လိုက်လံထိုးနှံပေးခဲ့သည်။


လှိုင်မျိုးအောင်(ပြန်/ဆက်)

No comments

Powered by Blogger.