အမေရိကန်နိုင်ငံ၌ လေယာဉ်ပျက်ကျမှုဖြစ်ပွားသဖြင့် နှစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

 


ဇူလိုင် ၄

အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်တွင် ဇူလိုင် ၂ ရက်နေ့မွန်းလွဲပိုင်းက လေယာဉ်တစ်စင်းပျက်ကျမှုကြောင့် နှစ်ဦးသေဆုံးပြီး အခြားသုံးဦးဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ယမန်နေ့က ပြောကြားသည်။

အဆိုပါ Piper PA-32-300 လေယာဉ်သည် အိုးဟာဘာမြို့မှ ကိုဒက်မြို့ရှိ အခြေစိုက်စခန်းသို့ဦးတည်ပျံသန်းစဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားသယ်ယူပို့ဆောင်ရေးဘေးကင်းလုံခြုံရေးအဖွဲ့ ( အင်န်တီအက်စ်ဘီ )က ပြောကြားသည်။

ထိုလေယာဉ်အပျက်အစီးသည် အိုးဟာဘာမြို့၏မြောက်ဘက် သုံးမိုင်အကွာတွင်တည်ရှိသည်ဟု အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က ဆိုသည်။

အိုးဟာဘာမြို့သည် ကိုဒက်မြို့၏အနောက်တောင်ဘက် မိုင် ၇၀ ခန့်အကွာနှင့် ကိုဒက်ကျွန်း၏အရှေ့တောင်ဘက် ကမ်းရိုးတန်းတွင် တည်ရှိသည်။

ထိုလေယာဉ်သည် အင်ဂျင်တစ်လုံးတပ်လေယာဉ်ဖြစ်ကြောင်း၊ လေယာဉ်ပျက်ကျမှုဖြစ်ပွားသည့်အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်းနှင့် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ယမန်နေ့အစောပိုင်းက အင်န်တီအက်စ်ဘီအဖွဲ့ ကိုဒက်သို့ ထွက်ခွာသွားသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.