နိုင်ဂျီးရီးယားနိုင်ငံ၌ ဆောက်လုပ်ဆဲအဆောက်အဦ ပြိုကျမှုကြောင့် အပျက်အစီးများအောက်ပိတ်မိနေသူအများအပြားရှိ



ဇူလိုင် ၅

နိုင်ဂျီးရီးယားနိုင်ငံ မြို့တော် အာဘူဂျာတွင် အထပ်များစွာပါဆောက်လုပ်ဆဲအဆောက်အဦပြိုကျမှုဖြစ်ပွားခဲ့သဖြင့် အပျက်အစီးများအောက်တွင် လူအများအပြားပိတ်မိနေကြောင်း ဒေသတွင်းအာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။

အဆိုပါအဆောက်အဦသည် အာဘူဂျာမြို့လယ်တွင်ရှိပြီး ဇူလိုင် ၃ ရက်နေ့မွန်းလွဲပိုင်းက ပြိုကျခဲ့ခြင်းဖြစ်သည်။

ပိတ်မိနေသူများအနက်ကိုးဦးကို ကယ်ဆယ်နိုင်ခဲ့ပြီးဆေးရုံသို့ပို့ဆောင်ခဲ့ရာ ခြောက်ဦးသည် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ပြီး သုံးဦးသည် ထိုဆေးရုံမှာပင်ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့် ၎င်းတို့အခြေအနေ စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရသည်။

ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု မီးသတ်တပ်ဖွဲ့အကြီးအကဲက ဆိုသည်။

ဒေသတွင်းမီဒီယာ၏ပြောကြားချက်အရ ထိုအဆောက်အဦသည် အထပ်သုံးထပ်သာဆောက်လုပ်ခွင့်ပြုထားသော်လည်း အဆောက်အဦဆောက်လုပ်မှုဆိုင်ရာစည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုအဆောက်အဦအပျက်အစီများအောက်တွင် လူမည်မျှပိတ်မိနေဆဲဖြစ်သည်ကို အတိအကျသိရှိခြင်းမရှိပေ။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.