စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း China-ASEAN Sub-Forum on NEV Industry Cooperation အခမ်းအနား တက်ရောက်



နေပြည်တော် ဇူလိုင်


တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်တုံးပြည်နယ် ရှန်းကျန်းမြို့၌ ကျင်းပလျက်ရှိသော China- ASEAN Forum on Emerging Industry သို့ တက်ရောက်နေသည့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ပိုင်းတွင် Parallel Forum ဖြစ်သော China-ASEAN Sub-Forum on NEV Industry Cooperation အခမ်းအနားသို့ တက်ရောက်သည်။


ဆွေးနွေးပွဲ၌ တရုတ်-အာဆီယံ စက်မှုဝန်ကြီးများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို လိုက်ပါဆောင်ရွက် သွားခြင်းဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွင်လိုအပ်သော ထွန်းသစ်စစက်မှု လုပ်ငန်းများအတွက် အခြေခံကောင်းများရရှိ နိုင်မည်ဖြစ်ကြောင်း၊ လျှပ်စစ်ကားများတွင် လိုအပ်သော Charging Station များနှင့် ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်ရေးအတွက် အသိပညာမျှဝေခြင်းများနှင့် လျှပ်စစ်ကားများ ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးရာတွင်လည်း ကောင်းမွန်သော ဝန်ဆောင်မှုများပေး၍ ဆောင်ရွက်နေကြောင်းနှင့် လျှပ်စစ်ကား များအတွက် လက်ရှိစီမံဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိ သူများက လိုအပ်သည့်နည်းပညာနှင့် ပံ့ပိုးမှုများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးကြသည်။


အဆိုပါဖိုရမ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အာဆီယံနိုင်ငံများ၏ လျှပ်စစ်အသုံးပြု မော်တော်ယာဉ်များ (EV) အတွက် နှစ်ရှည်စီမံချက်များ ရေးဆွဲဆောင်ရွက်နေမှုအခြေအနေ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် လျှပ်စစ်အသုံးပြုမော်တော်ယာဉ်များ တင်ပို့ရောင်းချမှုသည်ကမ္ဘာတွင် ပထမအဖြစ် ရပ်တည်နေမှု အခြေအနေ၊ Charging Station များ တည်ဆောက်မှုနှင့် Charging ဆောင်ရွက်မှုနည်းပညာရပ်များကို အကျယ်တဝင့် လေ့လာသိရှိခဲ့ရကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments

Powered by Blogger.