ပေါက်တောမြို့၌ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်မီးပြန်လည်ဖြန့်ဖြူးပေးနိုင်ပြီ



ပေါက်တော  ဇူလိုင်  ၅


မေ ၁၄ ရက်က အလွန်အားပြင်းသော မိုခါမုန်တိုင်းသက်ရောက်မှုဒဏ်ကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်း ၁၀ မြို့နယ်သို့ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးထားသည့် ၂၃၀ ကေဗွီ၊ ၆၆ ကေဗွီ နှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံးများနှင့် ဆက်စပ်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရာ လျှပ်စစ်စွမ်း အားဝန်ကြီးဌာနမှ ကျွမ်းကျင်ဝန်ထမ်းများ၏ အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်မှုများကြောင့် ပေါက်တောမြို့သို့  ဇူလိုင် ၅ ရက်နေ့တွင် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ပေါက်တောဓာတ်အားခွဲရုံး၏ ၁၁ ကေဗွီ ဖီဒါ(၂)ဖီဒါမှ ၁၁/ဝ.၄ ကေဗွီ ဖြန့်ဖြူးရေး ထရန်စဖော်မာ ၂၂ လုံးဖြင့် မြို့ပေါ်ရပ်ကွက် ငါးရပ်ကွက်ရှိ မီးသုံးသူ ၂၂၄၈ တို့အား ဓာတ်အားဖြန့်ဖြူးပေးထားပြီးဖြစ်၍ ကျန်ရှိနေသော ကျေးရွာ များအား လျှပ်စစ်မီးရရှိနိုင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)

No comments

Powered by Blogger.