နေပြည်တော်ကောင်စီဥက္ကဋ္ဌထံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းရှင်များအသင်း အပ်နှံခြင်းနှင့် ရွေးချယ်ခံဗဟိုအလုပ်အမှုဆောင်များမှ လမ်းညွှန်မှုခံယူခြင်းအခမ်းအနားကျင်းပ



နေပြည်တော် ဇူလိုင် ၃


နေပြည်တော်ကောင်စီဥက္ကဋ္ဌထံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ အသင်း အပ်နှံခြင်းနှင့် ရွေးချယ်ခံဗဟိုအလုပ်အမှုဆောင်များမှ လမ်းညွှန်မှုခံယူခြင်း အခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ Grand ASTER Villa ၌ကျင်းပသည်။

 

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊  နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊  ဌာနကြီးမှူးများနှင့် နေပြည်တော် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ ၊ နေပြည်တော်အသေးစား၊ အငယ်စား နှင့်အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်၊ ဗဟိုအလုပ်အမှုဆောင်များ၊ မိတ်ဖက် အသင်းများမှဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်၊ ဗဟိုအလုပ်အမှုဆောင်များ၊ နေပြည်တော် မြို့မိမြို့ဖများ တက်ရောက်ကြသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်မှ အဖွင့်အမှာစကားပြောကြားရာတွင် ဖွံ့ဖြိုး တိုးတက်ဆဲနိုင်ငံများတွင် စီးပွားရေးကဏ္ဍ၌ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များသည် ၉၀ ရာခိုင်နှုန်းဝန်းကျင် ပါဝင်ဆောင်ရွက်နေတာကို တွေ့ရှိရပါကြောင်း၊ မိမိတို့နိုင်ငံတွင် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းခန့်သည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်ပါကြောင်း၊ MSMEs ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သွင်းအားစု များဖြစ်သည့် ကုန်ကြမ်း၊ စွမ်းအင် ၊အရင်းအနှီးနှင့်လူစွမ်းအားအရင်းအမြစ်များလိုအပ်မှာ ဖြစ်ပါ ကြောင်း၊ ထုတ်လုပ်မှုတွင် လိုအပ်သည့် ကုန်ကြမ်းများအားပြည်ပနိုင်ငံမှ တင်သွင်းခြင်းထက် မိမိနိုင်ငံရှိ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ နှင့်ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းများဖြင့်ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်မည် ဆိုပါက ပိုမိုအကျိုး ဖြစ်ထွန်းမှာဖြစ်ပါကြောင်း၊ MSMEs ကုန်ပစ္စည်းများ ပြည်ပဈေးကွက် ယှဉ်ပြိုင်တင်ပို့နိုင်ရန် ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာစေရေးအတွက် စွမ်းအင်ကဏ္ဍနှင့် အခြားလိုအပ် သည့် အခြေခံအဆောက်အဦများ ဖြည့်ဆည်းပေးနိုင်ရေးကိုလည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊​ နေပြည်တော်အတွင်း ထုတ်ကုန်ပစ္စည်းများဈေးကွက်ရရှိရေးအရည် အသွေးပြည့်မီသည့် ထုတ်ကုန်များကို ထုတ်လုပ်ပြီး ထုပ်ပိုးမှုများကိုလည်းအရည်အသွေးကောင်းမွန်သည့် ထုတ်ပိုးမှုစနစ်ဖြင့် ပြည်တွင်းပြည်ပဈေးကွက်တို့သို့ တင်ပို့ရောင်းချနိုင်ရေးအတွက် ပြည်တွင်းဈေးကွက်ရရှိရေးနှင့် ပြည်ပ ဈေးကွက်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ ဈေးကွက်ဈေးနှုန်းခိုင်မာစေ ရေး၊ ဈေးနှုန်းတည်ငြိမ်စေရေးတို့ကို ဦးတည်၍ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေး သွားမှာဖြစ်ပါကြောင်း၊နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအသင်း၏ ရှေ့ဆက်လက် တာဝန်ယူသွားကြမည့် ရွေးချယ်ခံဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် အလုပ်အမှုဆောင်များက နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ MSME ဖွံ့ဖြိုးတိုးတက်ရေး တို့မှာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြာသည်။


ထို့နောက် MSME Association ဥက္ကဋ္ဌ ဦးကျော်စွာဝင်းက မိတ်ဆက်စကား ပြောကြားပြီးဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အားလုံးက ကတိသစ္စာပြု​ကြကာ MSME Associationအား နေပြည်တော်ကောင်စီ ဥက္ကဋ္ဌထံအပ်နှံသည်။


ယင်းနောက် MSME Association အထွေထွေအတွင်းရေးမှူး ဦးတင်မောင်ဦးက လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ အသေးစိတ်တင်ပြသည်။


ထို့နောက်MSME Association ဂုဏ်ထူးဆောင်နာယကအဖြစ် လက်ခံပေးနိုင်ပါရန် ဂါရဝပြုတင်ပြခြင်၊ MSME Association နာယကအဖြစ်ချီးမြှောက်လက်ခံရန်တင်ပြခြင်းများကိုဆောင်ရွက်ကြသည်။


ယင်းနောက် MSME Association အထွေထွေအတွင်းရေးမှူး ဦးတင်မောင်ဦးက MSME Association ရွေးချယ်တင်မြှောက်ပွဲကို ဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီပေးခဲ့ကြသော Main Sponsorများအား ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ကြသည်။


ထို့နောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ အသင်းအပ်နှံခြင်းနှင့် ရွေးချယ်ခံဗဟိုအလုပ်အမှု ဆောင်များနှင့်အတူ အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကြသည်။


အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နေပြည်တော်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များက ခင်းကျင်းပြသသည့် ဒေသထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှုထုတ်ကုန်များစသည့် ထုတ်ကုန်ပစ္စည်း များ ခင်းကျင်းပြသထားမှုများကို ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း​ပြသခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)

No comments

Powered by Blogger.