အိန္ဒိယနိုင်ငံ၌ အဆောက်အဦ မီးလောင်မှုကြောင့် လေးဦးသေဆုံး

 


ဇူလိုင် ၄

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဉတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ယမန်နေ့ညနေပိုင်းက အီလက်ထရွန်းနစ်ပြခန်းများနှင့် အခြားရုံးခန်းများပါရှိသော ကုန်သွယ်မှုဆိုင်ရာအဆောက်အဦတစ်လုံးမီးလောင်မှုကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် လူလေးဦးထက်မနည်းသေဆုံးခဲ့ပြီး လူအနည်းငယ်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်းရဲအရာရှိတစ်ဦးကသတင်းထောက်များထံ  ဖုန်းဖြင့်ဆက်သွယ်ပြောကြားသည်။

အဆိုပါမတော်တဆမှုသည် ဉတ္တရာပရာဒေ့ရှ်ပြည်နယ် ဂျေဟန်စီခရိုင် စီပရီဘဇာဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုမီးလောင်မှုကြောင့် လူအနည်းငယ်ပျောက်ဆုံးနေဆဲဖြစ်ပြီး ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း မီဒီယာက ဖော်ပြထားသည်။

မီးလောင်ဒဏ်ရာများရရှိသူခုနစ်ဦးအားကယ်ဆယ်နိုင်ခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။ သေဆုံးသူ အမျိုးသမီးသည် အာမခံကုမ္ပဏီတစ်ခု၏အကြီးတန်းအရာရှိတစ်ဦးဖြစ်သည်ဟု သိရသည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ မီးသတ်ကား ၅၅ စီးခန့်ရောက်ရှိလာပြီး မီးငြှိမ်းသတ်ခဲ့ကြောင်းနှင့် ၁၂ နာရီကြာမီးငြှိမ်းသတ်ပြီးနောက် မီးလောင်မှုကိုထိန်းချုပ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.