“စိမ်းမို့မို့ အမှတ်တရတေးများ” တေးဂီတဖျော်ဖြေပွဲ မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်
နေပြည်တော်၊ ဇူလိုင် ၅
ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ Friday Night Live Show အစီအစဉ် ဆန်းသစ်မှုအဖြစ် “စိမ်းမို့မို့ အမှတ်တရတေးများ” တေးဂီတဖျော်ဖြေပွဲကို ၂၀၂၃ခုနှစ်၊ ဇူလိုင် ၇ ရက်၊ သောကြာနေ့ ည(၈)နာရီ သတင်းများအပြီးတွင် MRTV-HD Channel မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
အဆိုပါအစီအစဉ်တွင် “မြန်မာ့အသံတေးဂီတ” အဖွဲ့၏ တီးခတ်မှုနှင့်အတူ တေးသံရှင်များဖြစ်ကြသည့် စိမ့်နေခြည်၊ သဉ္ဇာမြင့်မိုရ်၊ အိအိလှိုင်၊ ရွှေဖြူ၊ ချိုမီမီဇော်၊ ချစ်စုစံ၊ ခိုင်သဇင်ဦး၊ ဖူးဧကရီဆောင်း၊ ပပအောင်၊ မြတ်ဆုချယ်တို့က သီဆိုဖျော်ဖြေကြမည်ဖြစ်ပြီး ထိုသို့ တင်ဆက်မှုကို ဇူလိုင် (၉) ရက်၊ တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင် ထပ်မံ ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments